1. Home
  2. International News

ကမ္ဘာ့အသက်ငယ်ဆုံး DJ အဖြစ် ၄ နှစ်အရွယ် ကလေးလေး ဂင်းနစ်စာအုပ်တွင် မှတ်တမ်းဝင် (ရုပ်သံ)

International News พ.ค. 21, 2562 view 1,668
အသက် ၄ နှစ်အရွယ် ဗြိတိသျှကလေးငယ်လေးဟာ ဟောင်ကောင်ရှိ Bungalow နိုက်ကလပ်တွင် မည်သူ၏အကူအညီမှမပါပဲ တစ်နာရီစာ ဖျော်ဖြေခဲ့သဖြင့် အသက်အငယ်ဆုံး DJ အဖြစ် ကမ္ဘာ့စံချိန် ဂရင်းနစ်စာအုပ်တွင် မှတ်တမ်းဝင်သွားပြီဖြစ်သည်။
 
>>Read More ကိုနှိပ်ပြီးဖတ်ရှုပါ<<
 
 
Archie Norbury ဟာ အသက် ၄ နှစ်နဲ့ ရက်ပေါင်း ၁၃၀ ရှိပြီဖြစ်ပြီး ၂၀၁၇ ခုနှစ်က အသက် အငယ်ဆုံး DJ အဖြစ် မှတ်တမ်းဝင်ခဲ့တဲ့ တောင်အာဖရိကနိုင်ငံမှ ၅နှစ်နဲ့ ၃၈ ရက်အရွယ် DJ Arch Junior ရဲ့ စံချိန်ကို ချိုးပြီး မှတ်တမ်းဝင်ခဲ့တာဖြစ်ပါတယ်။
 
 
Archie Norbury က DJ Archie နာမည်နဲ့ မတ်လတုန်းက တစ်ကိုယ်တော် တင်ဆက်မှုအပြီးမှာ ဂင်းနစ်အဖွဲ့က တရားဝင်မှတ်တမ်းတင်ခဲ့ပါတယ်။ ကလေးရဲ့ မိဘတွေဟာ အင်္ဂလန်နိုင်ငံ Berkshire မှဖြစ်ပြီး သူ့ကိုတော့ ဒူဘိုင်းမှာ မွေးဖွားခဲ့ပါတယ်။ လွန်ခဲ့တဲ့ တစ်နှစ်ခွဲလောက်မှာတော့ မိသားစုလိုက် ဟောင်ကောင်ကို ပြောင်းရွေ့နေထိုင်ခဲ့ပါတယ်။
 
 
 
သူ့အသက် ၂ နှစ်အရွယ်လောက်ထဲက ဖခင်ရဲ့ DJ စက်တွေကို ကိုင်ပြီး DJ တီးခတ်လာခဲ့သူပါ။ Archie ဟာ ပါရမီရှိသူပီပီ DJ စက်တွေကို ပညာရှင်သဖွယ်ကိုင်တွယ်ပြီး ကိုယ်ပိုင်သီချင်းတွေကိုလည်း တီးခတ်ခဲ့ပါတယ်။ ဟောင်ကောင်မှာရှိတဲ့ ဖျော်ဖြေပွဲတွေမှာ ဝင်တီးနိုင်တဲ့ထိ ကျွမ်းကျင်တဲ့ ကလေးဖြစ်လာပါတယ်။ သူအကြိုးဆုံးက ဒရမ်နဲ့ ဘေ့စ်အသံတွေဖြစ်တယ်လို့ South China Morning Post နဲ့ အင်တာဗျူးမှာ ဖြေကြားခဲ့ပါတယ်။
 


Follow us on