1. Home
  2. International News

အာရှတွင် လိင်တူခြင်းလက်ထပ်ခွင့်ပြုသည့် ပထမဦးဆုံးနိုင်ငံ ထိုင်ဝမ် ဖြစ်လာ

International News พ.ค. 21, 2562 view 1,682
ထိုင်ဝမ်နိုင်ငံမှာ လိင်တူခြင်း လက်ထပ်ခွင့်ကို ပြီးခဲ့တဲ့ သီတင်းပတ်က တရာဝင်ခွင့်ပြုခဲ့တဲ့အတွက် အာရှတိုက်မှာ ပထမဆုံးသော လိင်တူခြင်း လက်ထပ်နိုင်တဲ့ နိုင်ငံဖြစ်လာခဲ့ပါတယ်။ အဆိုပါ ဥပဒေသစ်ဟာ လာမယ့် သောကြာနေ့မှာ စတင်အသက်ဝင်မှာဖြစ်ပေမယ့် အကန့်အသတ်တွေတော့ ရှိနေပါသေးတယ်။
 
>>Read More ကိုနှိပ်ပြီးဖတ်ရှုပါ<<
 
လိင်တူခြင်လက်ထပ်ခွင့်ရသွားသည့်အတွက် ယခင်က နိုင်ငံခြားမှာ သွားရောက်လပ်ထပ်ခဲ့ကြတဲ့ ထိုင်ဝမ်က လိင်တူချစ်သူစုံတွဲတွေဟာ အမိနိုင်ငံ ထိုင်ဝမ်မှာပါ စုံတွဲအဖြစ် အသိအမှတ်ပြုခံရရန် ဒုတိယအကြိမ် ထပ်မံလက်ထပ်ကြဖို့ ပြင်ဆင်နေကြပါတယ်။ 
ဥပဒေသစ် စတင်မယ့် မေလ ၂၄ ရက်နေ့မှာ အမှတ်တရဖြစ်အောင် လက်ထပ်ကြမယ့် လိင်တူချစ်သူ စုံတွဲ ၂၀၀ ခန့်က ရှိနေကြောင်း သိရပါတယ်။
 
 
လက်ထပ်ထိမ်းမြှားခြင်းနဲ့ ပက်သက်ပြီး နိုဝင်ဘာက ပြုလုပ်ခဲ့တဲ့ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲမှာ အမျိုးသားနဲ့ အမျိုးသမီး လက်ထပ်ခြင်းရဲ့ အနက်အဓိပ္ပါယ်ကို လက်ရှိတည်ဆဲဥပဒေအောက်မှာပဲ ထိန်းသိမ်းထားဖို့ မဲပေးသူ သုံးပုံနှစ်ပုံက ဆန္ဒပြုခဲ့ကြပါတယ်။
ဒါကြောင့်မို့ ထပ်မံအတည်ပြုလိုက်တဲ့ လိင်တူခြင်းလက်ထပ်တဲ့ ဥပဒေဟာ သီးခြားဥပဒေသစ် တစ်ခုအနေနဲ့ ရပ်တည်သွားမှာဖြစ်ပါတယ်။
 
 
ရှေးရိုးစွဲအယူအဆကြီးသူများနဲ့ ဘာသာရေးအုပ်စုတွေက လိင်တူခြင်းလက်ထပ်ခွင့်ပြုတဲ့ ဥပဒေကို အတည်မပြုအောင် နောက်ဆုံးအချိန်ထိ ကြိုးစားခဲ့ကြပေမယ့်လည်း အရေးနိမ့်ခဲ့ပါတယ်။
ဒါပေမယ့် လိင်တူခြင်းလက်ထပ်ခွင့်ပြုတဲ့ ထိုင်ဝမ်ရဲ့ ဥပဒေသစ်မှာ အကန့်အသတ်တွေကတော့ ရှိနေဆဲဖြစ်ပါတယ်။
 
ထိုင်ဝမ်နိုင်ငံသား လိင်တူခြင်း ဒါမှမဟုတ် လိင်တူခြင်းလက်ထပ်တာကို ခွင့်ပြုထားတဲ့ နိုင်ငံက နိုင်ငံခြားသားတွေ အချင်းခြင်းကိုသာ လက်ထပ်ခွင့်ပြုသွားမှာ ဖြစ်ပါတယ်။ လိင်တူခြင်း လက်ထပ်ထားတဲ့ စုံတွဲတွေအနေနဲ့ သူတို့နှစ်ဦးထဲက တစ်ယောက်ယောက်နဲ့ သွေးသားတော်စပ်တဲ့ ကလေးကိုသာ မွေးစားဖို့ ခွင့်ပြုထားပါတယ်။
 


Follow us on