1. Home
  2. International News

အင်ဒိုနီးရှားသမ္မတ ‘ဂျိုကိုဝီဒိုဒို’ ဒုတိယအကြိမ် သမ္မတအဖြစ် ထပ်မံရွေးကောက်ခံရ

International News พ.ค. 21, 2562 view 1,584
အင်ဒိုနီးရှားနိုင်ငံရဲ့ သမ္မတရွေးကောက်ပွဲ မဲရလာဒ် ရေတွက်မှုအပြီးမှာ လက်ရှိသမ္မတ ‘ဂျိုကိုဝီဒိုဒို’ အနိုင်ရရှိခဲ့ပြီး သမ္မတာဝန်ကို ဒုတိယအကြိမ် ထမ်းဆောင်ခွင့်ရရှိကြောင်း မေလ ၂၁ ရက် အင်္ဂါနေ့မှာ အဏာပိုင်တွေက ကြေညာလိုက်ပါတယ်။
 
ဧပြီလ ၁၇ ရက်နေ့ ရွေးကောက်ပွဲက ရရှိတဲ့ မဲတွေကို ရွေးကောက်ပွဲကော်မရှင်က မနေ့ညသန်းခေါင်ယံအချိန်မှာ ရေတွက်လို့ ပြီးစီးခဲ့ပြီး ‘ဂျိုကိုဝီဒိုဒို’ က ၅၅.၅% နဲ့ သူ့ရဲ့ပြိုင်ဘက်ဖြစ်တဲ့ အမျိုးသားရေးစိတ်ဓာတ်ပြင်းထန်သူ စစ်ဗိုလ်ချုပ်ဟောင်း ‘ပရာဘိုဝို ဆူဘီရန်တို’ မဲရလာဒ် ၄၅.၅% ကို အနိုင်ရခဲ့ပါတယ်။
 
မြို့တော်ဂျကာတာမှာ ‘ဆူဘီရန်တို’ ရဲ့ နောက်လိုက်နောက်ပါတွေက ဆန္ဒပြပွဲတွေ ဖန်တီးနိုင်တာမို့ ထောင်နဲ့ချီတဲ့ စစ်သားနဲ့ ရဲတွေကို လုံခြုံရေးနှိုးဆော်ချက်တွေ သတိပေးထားပါတယ်။ ဂျကာတာမှာရှိတဲ့ ရွေးကောက်ပွဲကော်မရှင် ရုံးချုပ်ကိုလည်း သံဆူးကြိုးတွေ အကာအရံအတားဆီးတွေနဲ့ လုံခြုံရေး တင်းကြပ်စွာချထားပါတယ်။
 
‘ဆူဘီရန်တို’ ဟာ ၂၀၁၄ ခုနှစ် ရွေးကောက်ပွဲမှာလည်း ‘ဝီဒိုဒို’ ကို ရှုံးနိမ့်ခဲ့ပြီး သက်သေမပြနိုင်တဲ့ ရွေးကောက်ပွဲ မသမာမူတွေရှိခဲ့တယ်လို့ စွပ်စွဲခံခဲ့ရပါတယ်။ ပြီးခဲ့တဲ့လက ဗီဒီယိုလွှင့်ပြီး သူ့ကိုယ်သူ ရွေးကောက်ပွဲ အနိုင်ရသူအဖြစ် ကြေညာခဲ့ပါတယ်။ အင်္ဂါနေ့ မဲရလာဒ် တရားဝင်ကြေညာအပြီးမှာ ရှုံးနိမ့်ခဲ့တာကို ဝန်မခံပဲ နောက်လိုက်တွေနဲ့ ချိပ်ဆက်ကာ ဆူပူမှုတွေဖြစ်အောင် လုပ်ဆောင်ပါတယ်။
 
အင်ဒိုနီးရှားဥပဒေအရ ‘ဆူဘီရန်တို’ အနေနဲ့ မဲရလာဒ်အပေါ် ကျေနပ်မှုမရှိပါက ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရားရုံးမှာ အငြင်းအခုံလုပ်နိုင်ပါတယ်။ ဒါပေမယ့် သူ့ရဲ့နောက်လိုက်နောက်ပါတွေက ပြည်သူကသာ စွမ်းအားအစစ်ဖြစ်ပြီး ရုံးတော်ကို မယုံကြည်တဲ့အတွက် လမ်းပေါ်ထွက်ဆန္ဒပြမှုတွေ ဖန်တီးမယ်လို့ ပြောကြားခဲ့ပါတယ်။
 
ယခုလထဲမှာ ရွေးကောက်ပွဲရလာဒ်ကို ဆန်ုကျင်တဲ့အနေနဲ့ လမ်းပေါ်ထွက်ဆန္ဒပြမှုတွေမှာ ဗုံးဖောက်ခွဲဖို့ အစီစဉ်ရှိတယ်လို့ ယူဆရတဲ့ အစ္စလာမ်မစ် စစ်သွေးကြွ ၃၁ ယောက်ကို ရဲတွေက ဖမ်းဆီးထိန်းသိမ်းထားခဲ့ပါတယ်။
ရွေးကောက်ပွဲကော်မရှင်ရဲ့ တရားဝင်ကြေညာချက်အရ ‘ဝီဒိုဒို’ ဟာ စီရင်စု ၃၄ ခုအနက် ၂၁ ခုမှာ မဲအရေအတွက် ၈၅.၆ သန်း အနိုင်ရခဲ့ပြီး ‘ဆူဘီရန်တို’ က ၆၈.၅ သန်းနဲ့ ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။


Follow us on