1. Home
  2. International News

အကောင့်တုပေါင်း ၂ ဘီလီယံခန့် ပိတ်ပစ်ခဲ့ပြီး ဖေ့စ်ဘုတ်ကို လုံခြုံရေးပိုင်း တင်းကြပ်

International News พ.ค. 24, 2562 view 1,458

အမ္ဘာ့ အကြီးဆုံး နှင့် အကျယ်ပြန့်ဆုံး ဆိုရှယ် နက်ခ်ဝက် ကို ပိုင်ဆိုင်ထားတဲ့ ဖေ့စ်ဘုတ်ဟာ အခုတလောပိုင်းမှာ ဖေ့စ်ဘုတ်ကို လုံခြုံရေးပိုင်း တင်းကြပ်ခြင်း နှင့် ပေါ်လစီတချို့ကို ပြောင်းလဲ သတ်မှတ်ခဲ့ပါတယ်။

Fake အကောင့်လို့ ခေါ်တဲ့ အယောင်ဆောင် အကောင့်တွေကိုလည်း ဘီလီယံနဲ့ချီပြီး ပိတ်ပစ်ခဲ့ပါတယ်။ ထို့ပမာဏဟာ ဖေ့စ်ဘုတ်အကာင့်သစ်များ၏  ၅ % ခန့်ရှိတယ်လို့ မက် ဇူကာဘတ်မေလ ၂၃ ရက်နေ့က ကြေညာချက်အရ သိရပါတယ်။

ဒါ့အပြင် မဟုတ်မမှန် သတင်းအချက်အလက်တွေနဲ့ နိုင်ငံရေး ဆူပူမှုတွေဖြစ်စေမယ့် အမုန်းစကားတွေကို ဖွနေတဲ့ ဖေ့စ်ဘုတ်ပေ့ တချို့ကိုလည် ပိတ်ပစ်တားဆီးသွားဖို့ရှိနေပြီး ပေ့တချို့ကိုလည်း ပိတ်ပစ်နိုင်ခဲ့တယ် လို့ ပြောပါတယ်။

>>Read More ကိုနှိပ်ပြီးဖတ်ရှုပါ<<

“ အခုနောက်ပိုင်းမှာ ကျွန်တော်တို့  ဖေ့စ်ဘုတ်အကောင့်တွေကို ပိုမိုလုံခြုံစေဖို့အတွက် လုပ်ဆောင်နေတာဖြစ်တာကြောင့် ဒီနှစ်ပိုင်းမှာ Fake အကာင့် အကောင့်တု ၂.၁၉ ဘီလီယံခန့်ကို ပိတ်ပစ်နိုင်ခဲ့ပါတယ်။  ဖေ့စ်ဘုတ်လူမှုကွန်ယက်မှ တဆင့် မူယစ်ဆေးဝါးရောင်းချခြင်း ၊ လက်နက်အရောင်းအဝယ် ပြုလုပ်တဲ့ အကောင့်တွေကို ပိတ်ပင်တားဆီး နိုင်ခဲ့တယ်လို့ ဆိုပါတယ်။ အကောင့်တု များကို AI စနစ် နဲ့ Automatic စနစ်နဲ့ ပိတ်ပစ်နေပြီး ဖေ့စ်ဘုတ်ကို ဒိထက်ပိုပြီ ယုံကြည်မှု ရှိရှိနဲ့ အသုံးပြုလာစေချင်တာဖြစ်တယ်  ” လို့ မစ္စတာ ရိုဆင်က ပြောပါတယ်။

အခုရက်ပိုင်းမှာ ဖေ့စ်ဘုတ်ဟာ ပေ့တွေမှ တဆင့်  ဝက်ဆိုဒ် Traffic  ရှာတဲ့ Link တွေကိုလည်း Rech လျှော့ချခြင်းများ ရှိခဲ့ပါတယ်။ ဖေ့ဘုတ်မှာ စစ်မှန်တဲ့ သတင်းတွေနဲ့ အသိမိတ်ဆွေတွေနဲ့ သူငယ်ချင်းတွေရဲ့ လုပ်ဆောင်ချက် ပို့စ်တွေကိုသာ News Feed မှာပိုမိုမြင်ရစေဖို့ ရည်ရွယ်တယ်လို့လည်း သိရပါတယ်။

အခုချိန်မှာ Google ဟာ အကောင်းဆုံ ဒီဂျစ်တယ် ဈေးကွက်အနေနဲ့ တွေ့ရပြီး ဖေ့စ်ဘုတ်ဟာ Google ကဲ့သို့ အကောင်းဆုံး ဒစ်ဂျစ်တယ် ဈေးကွက်ဖြစ်လာဖို့ ယှဉ်ပြိုင်လာဖို့ရှိနေပါတယ်။



Follow us on