1. Home
  2. International News

နိုင်ငံခိုးကူးရန် ကားစက်ခန်းထဲမှလိုက်လာသော ကလေးများ အသက်ရှုမွန်းကြပ်

International News พ.ค. 27, 2562 view 1,815
အသက် ၁၅ နှစ်အရွယ် မိန်းကလေးတစ်ယောက်နဲ့ လူငယ်အမျိုးသား နှစ်ယောက်တို့ကို ကားအင်ဂျင်စက်ခန်း ဒက်ရှ်ဘုတ်ထဲထည့်ကာ နိုင်ငံတွင်းသို့ ခိုးသွင်းရန် ကြိုးပမ်းစဉ် ဖမ်းဆီးမိခဲ့သည်။
 
 
EU နိုင်ငံထဲသို့ လူမှောင်ခိုကူးရန် ကားထဲတွင် ဝှက်ထားခဲ့ပြီး မော်ရိုကိုနိုင်ငံ ဆိပ်ကမ်းမြို့ဖြစ်တဲ့ ဘန်နီအန်ဆာမြို့ကို ဖြတ်ကျော်စဉ် လူဝင်မှုကြီးကြပ်ရေးမှ စစ်ဆေးတွေ့ရှိ ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်သည်။ 
ကုန်တင်ကားအောက်ဘက်တွင် အံဝှက်နဲ့ ထည့်ထားသော အသက် ၂၀ ဝန်းကျင် လူငယ်နှစ်ဦးကို စစ်ဆေးတွေ့ရှိခဲ့ပြီး မိန်းကလေးကိုတော့ ကားစက်ဖုံးထဲမှာ တွေ့ခဲ့ရပါတယ်။
 
 
 
ခိုးဝင်ဖို့ကြိုးစားတဲ့ ကလေးတွေဟာ အသက်ရှုကြပ်နေပြီး သူတို့တွေထဲက နှစ်ဦးကို ဆေးရုံတင်ခဲ့ရပါတယ်။ ယာဉ်မောင်းတွေအားလုံး ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပါတယ်။ 
 


Follow us on