1. Home
  2. International News

အိမ်ဖြူတော်အနီး လူတစ်ဦး ကိုယ့်ကိုယ်ကိုမီးရှို့ (ရုပ်သံ)

International News พ.ค. 30, 2562 view 1,616
အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီရှိ အိမ်ဖြူတော်အနီး Ellipse ပန်းခြံထဲတွင် လူတစ်ဦး ကိုယ့်ကိုယ်ကို မီးရှို့မှုတစ်ခု မေလ ၂၉ ရက်နေ့ မွန်းလဲပိုင်းက ဖြစ်ပွားခဲ့သည်။
 
အမည်မသိရှိရသေးတဲ့ အမျိုးသားတစ်ဦးဟာ နိုင်ငံခြားခရီးသည်တွေ လာရောက်လည်ပတ်လေ့ရှိတဲ့ အိမ်ဖြူတော်အနီးက ပန်းခြံထဲမှာ မီးရှို့ခဲ့တာပါ။ တစ်ကိုယ်လုံး မီးစွဲလောင်နေတဲ့ အမျိုးသားကို လုံခြုံရေးအစောင့်တွေက မီးသတ်ဆေးဗူးနဲ့ ဝိုင်းဝန်းမီးညှိမ်းသတ်ပေးခဲ့ရပါတယ်။ အခင်းဖြစ်တဲ့နေရာနဲ့ အိမ်ဖြူတော်ဟာ တစ်မိုင်အကွာအဝေးလောက်ပဲရှိပါတယ်။
 
 
သူဟာ မီးလောင်ခံနိုင်တဲ့ အဝတ်အစားဝတ်ထားတယ်လို့ သိရပေမယ့် ခန္ဓာကိုယ်ရဲ့ ၈၅% မီးလောင်ကျွမ်းခဲ့တယ်လို့ TMZ သတင်းမှာ ဖော်ပြထားပါတယ်။ အသက်အန္တရာယ်ခြိမ်းခြောက်နေတဲ့ မီးလောင်ဒဏ်ရာများနဲ့ အနီးနားက ဆေးရုံကို အရေးပေါ်ပို့ပေးခဲ့ရပါတယ်။
 
 
အခင်းဖြစ်ပွားတဲ့နေရာကို အေဂျင်စီပေါင်းစုံမှ အရာရှိ ၇၀ ခန့်ရောက်ရှိလာခဲ့ပါတယ်။ အခြားထိခိုက်ဒဏ်ရာရသူတွေ မရှိကြောင်း သိရပါတယ်။ ယင်းကိစ္စနဲ့ ပက်သက်ပြီး အိမ်ဖြူတော်မှ တစ်စုံတရာ ထုတ်ပြန်ပြောကြားထားခြင်း မရှိသေးပါဘူး။
 
 
ယခုလို အိမ်ဖြူတော်အနီး ကိုယ့်ကိုယ်ကို မီးရှို့တဲ့ ဖြစ်စဉ်ဟာ ဒုတိယအကြိမ်ဖြစ်ပြီး ဧပြီလ ၁၂ ရက်နေ့တုန်းကလည်း ဘီးတပ်ကုလားထိုင်နဲ့ လူတစ်ယောက် အိမ်ဖြူတော် ခြံစည်းရိုးအနီးမှာ မီးရှုံခဲ့ပါသေးတယ်။ ဒါပေမယ့် သေလောက်တဲ့ ဒဏ်ရာမရရှိခဲ့ပါဘူး။ အဲဒီဖြစ်စဉ် ဖြစ်ခဲ့ပြီးနောက် အိမ်ဖြူတော်ရဲ့ ခြံစည်းရိုးတွေကို လုံခြုံရေး တိုးမြှင့်မှုတွေ လုပ်ဆောင်ခဲ့ပါတယ်။


Follow us on