1. Home
  2. International News

အိမ်ဖြူတော်အနီး ကိုယ့်ကိုကိုယ် မီးရှို့ခဲ့သူ ဒဏ်ရာများနဲ့သေဆုံး

International News พ.ค. 31, 2562 view 1,591
မေလ ၂၉ ရက်  အမေရိကန်နိုင်ငံ ဝါရှင်တန်ရှိ အိမ်ဖြူတော်အနီး ပန်းခြံထဲတွင် ကိုယ့်ကိုယ်ကိုယ် မီးရှို့ခဲ့သူ အမျိုးသား ဆေးရုံရောက်ပြီးနောက် မီးလောင်ဒဏ်ရာများဖြင့် သေဆုံးသွားခဲ့ကြောင်း ယူနိုက်တက်စတိတ်ပန်းခြံ ရဲအဖွဲ့က ကြာသပတေးနေ့တွင် ထုတ်ပြန်ပြောကြားလိုက်သည်။
 
 
အမျိုးသားဟာ မယ်ရီလန်းပြည်နယ်က အသက် ၃၃ နှစ်အရွယ် Arnav Gupta ဆိုသူဖြစ်ကာ သူပျောက်ဆုံးနေကြောင်းကို သူ့ရဲ့မိသားစုက မောင့်ဂိုမာရီကောင်တီ ရဲဌါနတွင် ဗုဒ္ဓဟူးနေ့ကတည်းက တိုင်ကြားထားကြောင်း သိရှိရသည်။
 
အမျိုးသားပန်းခြံစောင့်ရှောက်ရေးနဲ့ ပန်းခြံရဲအဖွဲ့တွေက ရှေးဦးသူနာပြုနည်းနဲ့ သူကို ပြုစုခဲ့ကြပြီး ဆေးရုံသို့ တင်ပို့ခဲ့ကြပေမယ့်လည်း အဲဒီနေ့မှာပဲ မီးလောင်ဒဏ်ရာများနဲ့ သေဆုံးသွားခဲ့ကြောင်း ရဲအဖွဲ့က ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။
 
Mr Arnav Gupta သေဆုံးမှုနဲ့ ပက်သက်ပြီး ဆက်လက်စုံစမ်းစစ်ဆေးရန် လူသေဆုံးမှုနဲ့ လူသတ်မှုတွေမှာ တာဝန်ရှိတဲ့ ဝါရှင်တန်မြို့က မက်ထရိုပိုလီတန်ရဲဌါနကို လွှဲပြောင်းပေးခဲ့ပါတယ်။
ဒီလိုမျိုး အိမ်ဖြူတော်အနီး ကိုယ့်ကိုယ်ကိုယ် မီးရှို့မှုဟာ ဒုတိယအကြိမ်ဖြစ်ပြီး ပြီးခဲ့တဲ့ ဧပြီလတုန်းကလည်း စက်တပ်ဘီးတပ်ကုလားထိုင်နဲ့ အမျိုးသားတစ်ဦး အိမ်ဖြူတော် ခြံစည်းရိုးအနီး သူ့ရဲ့ ဂျာကင်အင်္ကျီမှာ မီးရှို့လောင်ကျွမ်းမှုဖြစ်ပွားခဲ့ပါတယ်။ ဒါပေမယ့် အချိန်မီ ကယ်ဆယ်နိုင်တဲ့အတွက် အသက်သေဆုံးမှု မဖြစ်ခဲ့ကြောင်း သိရှိရသည်။
 
>> အိမ်ဖြူတော်အနီး လူတစ်ဦး ကိုယ့်ကိုယ်ကိုမီးရှို့ (ရုပ်သံ)


Follow us on