1. Home
  2. International News

ဟွားဝေအရေး ဗြိတိန် ဆုံးဖြတ်ချက် မချနိုင်သေးကြောင်း အမေရိကန်ပြောကြား

International News พ.ค. 31, 2562 view 1,416
တရုတ်နည်းပညာကုမ္ပဏီ ဟွားဝေ(Huawei) ရဲ့ 5G ကွန်ယက်နဲ့ ဆက်စပ်တဲ့ အဆောက်အဦးများ ဆောက်လုပ်ခွင့်ပေးရန်ကိစ္စကို ဗြိတိန်အနေနဲ့ ပြန်လည်စဉ်းစားသုံးသပ်နေပြီး အပြီးသတ် ဆုံဖြတ်ချက် မချနိုင်သေးကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ရဲ့ အမျိုးသားလုံခြုံရေး အကြံပေးအရာရှိ ‘ဂျွန်ဘော်လ်တန်’ က မေလ ၃၀ ရက်နေ့တွင် ပြောကြားလိုက်သည်။
 
 
ဂျွန်ဘော်လ်တန်
 
ထရမ့်အစိုးရအဖွဲ့က ဟွားဝေအပေါ် အရေးယူမှုတွေပြုလုပ်ခဲ့ပြီး ယူအက်စ်ရဲ့ ကုန်ပစ္စည်းတွေ ဝယ်ယူခွင့် ပိတ်ပင်ခဲ့ပါတယ်။ ဟွားဝေရဲ့ ဆက်သွယ်ရေး အထောက်အကူပြုပစ္စည်းတွေဟာ နိုင်ငံရဲ့အရေးကြီးတဲ့ ဆက်သွယ်ရေးနဲ့ အချက်အလက်တွေကို ချောင်းမြောင်းကြည့်ရှုနိုင်တဲ့ အန္တရာယ်ရှိတယ်လို့ စွပ်စွဲပြောဆိုထားပြီး အမေရိကန်နဲ့ မဟာမိတ်နိုင်ငံတွေကိုလည်း ဟွားဝေရဲ့ 5G ကွန်ယက်နည်းပညာ အသုံးမပြုဖို့ တိုက်တွန်းထားပါတယ်။
 
 
Theresa May
 
ဗြိတိန်နိုင်ငံ ဝန်ကြီးချုပ် Theresa May ဦးစီးတဲ့ ဗြိတိန်အမျိုးသားလုံခြုံရေးကောင်စီ က ပြီးခဲ့တဲ့ လမှာ ဟွားဝေနဲ့ တွေ့ဆုံခဲ့ပါတယ်။ အဲဒီနောက် ဟွားဝေရဲ့ 5G ကွန်ယက် အဓိကအစိတ်အပိုင်းတွေကို ပိတ်ပင်ဖို့ ဆုံးဖြတ်ခဲ့ပါတယ် ဒါပေမယ့် အဓိကမကျတဲ့ အစိတ်အပိုင်းတွေကိုတော့ အတိုင်းတာတစ်ခုထိ လုပ်ဆောင်ခွင့်ပြုထားပါတယ်။
 
သို့သော်လည်း တိကျသေချာတဲ့ နောက်ဆုံးအပြီးသတ်ဆုံးဖြတ်ကို ဗြိတိသျှအစိုးရအဖွဲ့ လာမယ့်အပတ်တွေထဲမှာ ဆုံးဖြတ်သွားမှာဖြစ်ပါတယ်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် အနေနဲ့ လာမယ့်အပတ်မှာ ဗြိတိန်ကို သွားရောက်လည်ပတ်မှာဖြစ်ပြီး ဒီကိစ္စအပေါ် အလေးထားပြီး ဆွေးနွေးသွားဖို့ရှိတယ်လို့ ‘ဘော်လ်တွန်’ က ဆိုပါတယ်။
 
 
5G ကွန်ယက်ဟာ အချက်လက်စီးဆင်းမှု မြန်ဆန်လွန်တာကြောင့် လုပ်ငန်းစုတွေ ကွန်ယက်တွေအတွက် အခြေခံအုတ်မြစ်ဖြစ်လာနိုင်ပါတယ်၊ ဒီနည်းပညာဟာ အင်တာနက်ထွန်းကားပြီးနောက်ပိုင်း အကြီးမားဆုံး တီထွင်ဆန်းသစ်မှု တစ်ခုလည်း ဖြစ်ပါတယ်။


Follow us on