1. Home
  2. International News

ဖိလစ်ပိုင်နိုင်ငံမှာ ဘွဲ့ ရဖို့အတွက်ဆိုရင် သစ်ပင် (၁၀)ပင် မဖြစ်မနေ စိုက်ပျိုးရမယ်ဆိုတဲ့ ဥပဒေသစ်စတင်

International News พ.ค. 31, 2562 view 1,519

သဘာဝတ်ပတ်ဝန်ကျင်နဲ့ ကမ္ဘာ့ မြေကြီး စိမ်းလန်းစိုပြေဖို့အတွက် အမျိုးမျိုးလုပ်ဆောင်နေကြပြီး ဖိလစ်ပိုင်နိုင်ငံမှာတော့ ကျောင်းသူ / ကျောင်းသား တွေဟာ ဘွဲ့ ရဖို့အတွက် သစ်ပင် (၁၀) ပင် စိုက်ဖို့ လိုအပ်တယ် ဆိုတဲ့ ဥပဒေ သစ်ကို မေလ ၁၅ရက်နေ့က ဖိလစ်ပိုင်လွှတ်တော်မှာ အတည်ပြု ပြဌာန်းခဲ့တယ် လို့သိရပါတယ်။

ဥပဒေသစ်မှာ မူလတန်း ၊ အလယ်တန်း ၊ အထက်တန်း ၊ တက္ကသိုလ် ကျောင်းသူ / ကျောင်းသား မည်သူမဆို ဘွဲ့ ယူဖို့ဆန္ဒ ရှိရင် မဖြစ်မနေ သစ်ပင် (၁၀) ပင် စိုက်ဖို့ လိုအပ်ပါတယ်။ သို့မသာလျှင် နိုင်ငံတော် က အတည်ပြု ဘွဲ့ လက်မှတ် ထုတ်ပေးမှာဖြစ်ပါတယ်။

အဆိုပါ ဥပဒေကြမ်းကို ကွန်ဂရက်လွှတ်တော်အမတ် ဂယ်ရီအာလီဂျနိုက တင်သွင်းခဲ့တာဖြစ်ပြီး သူ၏ ရည်ရွယ်ချက်ကတော့ သဘာဝပတ်ဝန်းကျင် ကို ကာကွယ်စောက်ရှာက်ရေး ဖို့ ဖြစ်သလို့ မျိုးဆက်အချင်းချင်း တာဝန်ယူမှု ၊ တာဝန်သိစိတ် မြှင့်တင်ဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။

အာလီဂျနိုရဲ့ အဆိုအရ မျိုးဆက်တစ်ဆက်အတွင်းမှာ အပင်အားလုံးရဲ့ ၁၀ ရာခိုင်နှုန်းပဲ ရှင်သန်ရင်တောင်မှ သစ်ပင် ၅၂၅ မီလီယံ ရရှိလာမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ ကမ္ဘာ့ မြေကြီး နှင့် သဘာဝ ပတ်ဝန်ကျင်ကြီး စိမ်းလန်ဆိုပြေ ဖို့အတွက် အာလီဂျနိုရဲ့ အဆိုကို ပြည်သူအများစုကလည်း ဝိုင်းဝန်ထောက်ခံကြတယ်လို့ သိရပါတယ်။



Follow us on