1. Home
  2. International News

ဇိပ်ခံသင်္ဘော ထိန်းချုပ်စနစ်ချို့ယွင်းပြီး သင်္ဘောငယ်နဲ့ ဆိပ်ကမ်းကို ဝင်တိုက် (ရုပ်သံ)

International News มิ.ย. 04, 2562 view 1,564
အီတလီအပျော်စီး ဇိမ်ခံသင်္ဘောကြီး (MSC Opera) ဟာ ဗင်းနစ်မြို့ ဆိပ်ကမ်းကို ဆိုက်ကပ်ရန် ကြိုးစားစဉ် ထိန်းချုပ်စနစ်များ ချို့ယွင်းပြီး အရှိန်မထိန်းနိုင်ပဲ ဆိုက်ကပ်ရပ်နားထားသည့် ဗင်းနစ်တူးမြောင်းလေ့လာရေး ခရီးသည်တင်ရေယာဉ်နဲ့ ဆိပ်ကပ်တို့ကို တိုက်မိခဲ့မှု ဇွန် ၃ ရက် တနင်္ဂနွေနေ့က ဖြစ်ပွားခဲ့ပါတယ်။
 
 
သင်္ဘောကြီးရဲ့ ထိန်းချုပ်ရေးစနစ်များ အလုပ်မတော့ပဲ အထိန်းအကွပ်မဲ့ခဲ့သဖြင့် လုပ်ဆောင်သင့်သည့် ကာကွယ်ရေးစနစ်များ အားလုံးကို ပြုလုပ်ခဲ့ကြောင်း သင်္ဘောကပတိန်က ပြောကြားခဲ့ပါတယ်။ ဒါပေမယ့်လည်း အရှိန်မသေသေးတဲ့ သင်္ဘောကြီးက ဆိပ်ကမ်းနဲ့ သင်္ဘောငယ်တို့ကို ဝင်တိုက်ခဲ့ပါတယ်။
ယင်းမတော်တဆမှုကြောင့် ဝင်တိုက်ခံရသော River Countess သင်္ဘောငယ်ပေါ်မှ ခရီးသည် ၄ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ ဒဏ်ရာရခဲ့သူများမှာ အသက် ၆၇ နှစ်ကနေ ၇၂ နှစ်အတွင်း အမျိုးသမီးကြီးများဖြစ်ပြီး အမေရိကန်၊ နယူးဇီလန် နဲ့ သြစတေးလျနိုင်ငံသား နှစ်ဦး ဖြစ်ကြောင်း သိရှိရသည်။
 
 
ဇိမ်ခံသင်္ဘောကြီး MSC Opera ဟာ အမြင့် ၁၇၇ ပေ နဲ့ အရှည် ၉၀၂ ပေရှိတဲ့ အကြီးစားသင်္ဘောကြီးဖြစ်ကာ သင်္ဘောပေါ်တွင် ခရီးသည် ၂၆၇၉ ဦး လိုက်ပါလာကြောင်း သိရပါတယ်။ 
ရုပ်သံမှာတော့ ဥသြရှည် အဆက်မပြန်ဆွဲကာ ဆိပ်ကမ်းဆီကို ဦးတည်လာနေ့တဲ့ သင်္ဘောကြီးက ဆိပ်ကမ်းမှာ ရပ်နားထားတဲ့ သင်္ဘောငယ်ကို ဝင်တိုက်စဉ် သင်္ဘောငယ်ပေါ်မှ လူတွေ ကုန်းဘတ်ပေါ် ပြုတ်ကျကုန်တာကို တွေ့ခဲ့ရပါတယ်။
 
 
 
ယခုမတော်တဆမှုဖြစ်စဉ်ဟာ ဟန်ဂေရီနိုင်ငံ ဘူတာပတ်စ်မှာ ဖြစ်ပွားခဲ့တဲ့ လူ ၇ ဦးသေ၊ ၂၁ ဦး ပျောက်ဆုံးနေတဲ့ ရှုမျှော်ခင်းကြည့် သင်္ဘောငယ်တိမ်းမှောက်မှု ဖြစ်ပွားပြီး ရက်ပိုင်အတွင်း ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။
 


Follow us on