1. Home
  2. International News

သူဋ္ဌေးရဲ့ အဓမ္မကျင့်တာခံရပြီး ကိုယ့်ကိုယ်ကို သတ်သေသွားတဲ့ တရုတ်အမျိုးသားတစ်ဦး

International News มิ.ย. 04, 2562 view 1,701

တရုတ်ပြည်သူ့သမ္မတနိုင်ငံ Shenzhen မြို့မှာနေထိုင်တဲ့ ကုမ္ပဏီဝန်ထမ်း အမျိုးသားတစ်ဦးဟာ သူအလုပ်လုပ်ကိုင်ရာ ကုမ္ပဏီသူဋ္ဌေးရဲ့ အဓမ္မပြုကျင့် အစော်ကားခံရပြီးနောက် ကိုယ့်ကိုယ်ကို အဆုံးစီရင်ခဲ့ကြောင်း China Times သတင်းမီဒီယာမှ ထုတ်ဖော်ပြောကြားလာပါတယ်။ အကြောင်းစုံကို သိရှိဖို့ ဆက်လက်ဖတ်ရှုလိုက်ကြရအောင်။

>>ဆက်လက်ဖတ်ရှုရန် Read More ကိုနှိပ်ပါ။<<

သေဆုံးသူမှာ အသက် ၂၅ နှစ်အရွယ် စာရင်းကိုင်အမျိုးသားတစ်ဦးဖြစ်ပြီး အရပ်အမောင်း ၁၈၃ စင်တီမီတာ၊ ကိုယ်အလေးချိန် ၇၀ ကီလိုဂရမ်ရှိကာ ရုပ်ရှည် ချောမောခန့်ညားကြောင်း သိရှိရပါတယ်။ အဆိုပါ အမျိုးသားဟာ ကုမ္ပဏီညစာစားပွဲမှာ သူဋ္ဌေးတိုက်လိုက်တဲ့  အရက်ကို ဆေးခတ်ထားမှန်းမသိပဲ သောက်မိရာက စတင်ခဲ့တာပဲဖြစ်ပါတယ်။ ထို့နောက် ကုမ္ပဏီပိုင်ရှင် သူဋ္ဌေးရဲ့ အဓမ္မပြုကျင့်ခြင်းကို ခံခဲ့ရပြီး အဝတ်အစားမပါတဲ့ ဓာတ်ပုံများကိုလဲ ဂေးဝက်ဘ်ဆိုဒ်တွေမှာ တင်ခံခဲ့ရတာဖြစ်ပါတယ်။

ဒီအဖြစ်ဆိုးကြီး ကြုံတွေ့ရပြီးနောက် အဆိုပါအမျိုးသားဟာ မိမိနေထိုင်ရာ ဆယ်ထပ်တိုက်ပေါ်ကနေ ခုန်ချသေဆုံးခဲ့တာဖြစ်ပါတယ်။ သေဆုံးသူအမျိုးသားဟာ ဇနီးနဲ့ သား၊သမီးနှစ်ယောက်ရှိတဲ့ အိမ်ထောင်သည်တစ်ဦးဖြစ်ပါတယ်။ သူဟာ စာရင်းကိုင်လောကမှာ နာမည်ကြီးသူတစ်ဦးဖြစ်ပြီး အဆုံးမစီရင်ခင် တစ်ရက်အလိုမှာ အလုပ်ကနေ နှုတ်ထွက်စာ တင်ခဲ့ကြောင်းသိရှိရပါတယ်။

ကုမ္ပဏီအနေနဲ့ နှုတ်ထွက်စာတင်ပြီးမှ သတ်သေတာဖြစ်လို့ သူတို့နဲ့မသက်ဆိုင်ကြောင်း ငြင်းဆိုထားပါတယ်။ တစ်ဖန် သေဆုံးသူ အမျိုးသားဟာ အရင်ကတည်းက အလုပ်မှာ ဖိအားတွေများတာကြောင့် ဒီပရက်ရှင် ရှိကြောင်းကိုလဲ ကုမ္ပဏီဘက်က ထုတ်ပြန်လာပါတယ်။ အများစုကတော့ သူအလုပ်က ထွက်တာဟာ ဒီလို ယုတ်မာတဲ့ သူဋ္ဌေးမျက်နှာကို မမြင်ချင်တော့လို့ ထွက်တာဖြစ်နိုင်တယ်လို့ ထင်ကြေးများပေးနေကြပြီး ဒီခေတ်ကြီးထဲမှာ ယောင်္ကျားလေးများအနေနဲ့လဲ ပေါ့ဆမနေသင့်ကြောင်း သတိထားဆင်ခြင်ဖို့ တစ်ယောက်နဲ့တစ်ယောက် လူမှုကွန်ယက်မှာ အသိပေးလျက်ရှိကြပါတယ်။

(ပိုပိုလေး)

 



Follow us on