1. Home
  2. International News

ဖေ့စ်ဘွခ်ရဲ့ ကိုယ်လုံးတီးချွတ် မူဝါဒကို ဝိုင်းဝန်းဆန္ဒပြမှုကြောင့် ပြန်လည်သုံးသပ်မည်

International News มิ.ย. 06, 2562 view 1,472
သန့်ရှင်းသော အွန်လိုင်းလူမှုပတ်ဝန်းကျင် ပေါ်ထွန်းရေး ခေါင်းစဉ်နဲ့ ဖေ့စ်ဘွခ်ရဲ့ မူဝါဒတင်းကြပ်မှုများ အမြဲလိုလိုပြောင်းလဲနေပါတယ်။ ယင်းမူဝါဒများထဲတွင် ကိုယ်လုံးတီးပုံ(Nude) တင်တာနဲ့ပက်သက်ပြီး တင်းကြပ်မှုလည်း အဓိကအခန်းကဏ္ဍက ပါဝင်နေပါတယ်။
 
ထိုကဲ့သို့ တင်းကြပ်လိုက်သော ဖေ့စ်ဘွခ်ရဲ့ မူဝါဒကို ‘ကိုယ်လုံးတီးအနုပညာ’သမား အုပ်စုက ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က နယူးယော့ခ်မြို့ရှိ ဖေ့စ်ဘွခ်ရုံးချုပ်ရဲ့ အရှေ့မှာ ကိုယ်လုံးတီးချွတ်စုဝေးပြီး ဆန္ဒပြခဲ့ကြပါတယ်။
 
 
ယင်းသို့ဆန္ဒပြခဲ့ကြပြီးနောက် ဖေ့စ်ဘွခ်အနေနဲ့ သူတို့ရဲ့ မူဝါဒကို ပြန်လည်သုံးသပ်ပေးသွားမည်ဟု ပြောကြားခဲ့ကြောင်း ဆင်ဆာကန့်ကွက်သူ အမျိုးသားညွန့်ပေါင်း အဖွဲ့အစည်း (NCAC) က ပြောကြားခဲ့ပါတယ်။
 
ဖေ့စ်ဘွခ်ရဲ့ မူဝါဒထုတ်ပြန်ရေး အဖွဲ့က အနုပညာရှင်များ၊ အနုပညာအကြောင်း ပညာပေးသူများ၊ ပြတိုက်တာဝန်ခံများနဲ့ အနုပညာအရေးလှုပ်ရှားသူများ အစုအဖွဲ့လိုက် ဖိတ်ကြားပြီး ဖေ့စ်ဘွခ်ရဲ့ ဝန်ထမ်းများနဲ့အတူ ပူးပေါင်းဆွေးနွေးကာ ကိုယ်လုံတီးချွတ်ပုံတင်တာနဲ့ ပက်သက်ပြီး ပိုမိုကောင်းမွန်တဲ့ မူဝါဒတစ်ရပ်ချနိုင်အောင် လုပ်ဆောင်သွားမည်ဟု NCAC ကို ဗုဒ္ဓဟူးနေ့က ပြောကြားခဲ့ပါတယ်။
 
လက်ရှိ ဖေ့စ်ဘွခ်ရဲ့ မူဝါဒအရ ကိုယ်လုံးတီးပုံ တင်ခြင်းကို တင်းကြပ်စွာ တားမြစ်ထားပြီး တင်မိပါက ပုံများပြန်လည်ဖြုတ်ချခြင်း၊ အကောင့်ပိုင်ရှင်ကို သတိပေးခြင်းကနေ အကောင့်အပြီးအပိုင်ဖျက်သိမ်းခံရတဲ့ထိ အရေးယူမှုတွေ ပြုလုပ်နေပါတယ်။


Follow us on