1. Home
  2. International News

တိုက်ခေါင်မိုးပေါ် ဟယ်လီကော်ပတာပျက်ကျ လေယာဉ်မှူးသေဆုံး (ရုပ်သံ)

International News มิ.ย. 11, 2562 view 1,553
အမေရိကန်နိုင်ငံ နယူယော့ခ်မြို့ မဟန်တန်ရပ်ကွက်ရှိ ၅၄ ထပ်မြင့်မားသော တိုက်ခေါင်မိုးပေါ်သို့ ဟယ်လီကော်ပတာတစ်စီး ပျက်ကျခဲ့ပြီး လေယာဉ်မှူးသေဆုံးခဲ့ရမှု ဇွန်လ ၁၀ ရက်နေ့ မွန်းလွဲပိုင်းက ဖြစ်ပွားခဲ့သည်။
 
 
ဟယ်လီကော်ပတာ ပျက်ကျခဲ့တဲ့အဆောက်အဦးဟာ မြို့လည်ကောင်ရှိ တိုင်းမ်းစ်စကွဲ နဲ့ နှစ်ဘလောက်အကွာအဝေးမှာရှိပါတယ်။ နယူးယော့ခ်မြို့ရဲ့ ရာသီဥတုအခြေအနေ ဆိုရွားနေခဲ့ပြီး မြူနဲ့ မိုးများလည်း ရွာသွန်းနေချိန်မှာ ပျက်ကျခဲ့တာဖြစ်ပါတယ်။
 
 
ပျက်ကျခဲ့တဲ့ ရဟတ်ယာဉ်ဟာ ကိုယ်ပိုင်ရဟတ်ယာဉ် တစ်စီးဖြစ်ပြီး ရုပ်သံမှာ တွေ့ရတာကတော့ တိုက်ခေါက်မိုးပေါ်က တိမ်တိုက်မြူကြား ဝင်ရောက်ပြီး ပျောက်ကွယ်သွားခဲ့ပါတယ်။ ရဟတ်ယာဉ်မောင်းသူကတော့ သေဆုံးခဲ့ကြောင်း သက်ဆိုင်ရာက အတည်ပြုခဲ့ပြီး အခြားထိခိုက်ဒဏ်ရာရသူ ရှိ၊ မရှိကိုတော့ မသိရှိရသေးပါ။
 
 
အွန်လိုင်းသတင်းများအရ ရဟတ်ယာဉ်ဟာ ဒေသစံတော်ချိန် မွန်းလွဲ ၂ နာရီလောက်မှာ AXA Equitable Center ခေါင်မိုးပေါ် ပျက်ကျခဲ့ကြောင်း သိရပါတယ်။ အဆိုပါ အဆောက်အဦးရဲ့ သုံးထပ် ရုံးခန်းတစ်ခန်းမှာ အလုပ်လုပ်နေတဲ့ ကွန်ပျူတာပရိုဂရမ်မာတစ်ဦးက ရုတ်တရက် အဆောက်အဦးကြီး လှုပ်သွားတာ ခံစားလိုက်ရတယ်လို့ ဆိုပါတယ်။
ဖြစ်စဉ်မှာ အကြမ်းဖက်တိုက်ခိုက်မှု မဟုတ်ပဲ မတော်တဆမှုသာဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရပါတယ်။
 


Follow us on