1. Home
  2. International News

တစ်နိုင်ငံလုံးက လူတွေရဲ့ဒေါသ ပုံကျခံနေရတဲ့ ကိုရီးယားလူငယ်စုံတွဲ(ရုပ်သံ)

International News มิ.ย. 12, 2562 view 1,869
တောင်ကိုးရီးယားနိုင်ငံမှာ လူငယ်လင်မယားစုံတွဲက (၇)လအရွယ် ကလေးငယ်လေးကို အိမ်မှာတစ်ယောက်ထဲ ပစ်ထားခဲ့တာကြောင့် ကလေးသေဆုံးခဲ့ရပါတယ်။ ဒီအဖြစ်ရပ်ကြောင့် အဆိုပါ လူငယ်စုံတွဲရဲ့အပေါ် တောင်ကိုရီးယားတစ်နိုင်ငံလုံးက လူတွေရဲ့ဒေါသတွေ ပုံကျနေပြီး လက်တလောမှာတော့ တစ်နိုင်ငံလုံးရဲ့ အပြောအဆိုဝေဖန်မှုတွေကို ခံနေရပါတယ်။
 
 
မိခင်ဟာ အသက် ၁၈ နှစ်အရွယ် “Gyeom” ဆိုသူဖြစ်ပြီး ဖခင်ကတော့ အသက် ၂၁ နှစ်အရွယ် “Cho” တို့နှစ်ဦးဟာ မေလ ၂၃ ရက်နေ့ညက နှစ်ယောက်စလုံး အိမ်ကနေထွက်သွားခဲ့ကြပြီး (၇)လ အရွယ် သူတို့ရဲ့ သမီးလေးကို အိမ်မှာ တစ်ယောက်ထဲ ရက်သတ္တပတ် ပစ်ထားခဲ့တဲ့အတွက်  ကလေးဟာ သေဆုံးသွားခဲ့ပါတယ်။
 
သူတို့နှစ်ယောက်လုံးက ကလေးကို လုံးဝသွားပြန်မကြည့်ပဲ သူတို့မိဘတွေ ကလေးကို သွားကြည့်မယ်လို့ ထင်ခဲ့ကြောင်း ဆင်ခြေပေးခဲ့ကြပါတယ်။ မေလ ၂၅ ရက် ၃၁ ရက်အတွင်းမှာ ကလေးရဲ့မိခင်ဖြစ်သူက သူ့ရဲ့လူမှုကွန်ယက်ပေါ်မှာ အပေါင်းအသင်းတွေနဲ့ သောက်စားပျော်ပါးနေတဲ ပုံတွေတင်ထားတာကို စစ်ဆေးတွေ့ရှိရပါတယ်။
 
 
တစ်ချိန်တည်းမှာပဲ ကလေးရဲ့အဖေက အင်တာနက်ဆိုင်သွားပြီး သူ့သူငယ်ချင်းတွေနဲ့ ဂိမ်းဆော့နေခဲ့ပါတယ်။ အပြင်မှာ အပေါင်းအသင်းတွေနဲ့ ဆက်တိုက်ကစားနေပြီး မေလ ၃၁ ရက်နေ့မှသာ အိမ်ပြန်ခဲ့ပါတယ်။ အဲဒီအချိန်မှာ ကလေးသေနေတာကို တွေ့ခဲ့တာပါ။
 
ကနဦးမှာ သူတို့လင်မယားက ကလေးသေတာကို ဖုံးကွယ်ဖို့ ကတ္ထူပုံးထဲထည်းပြီး ဝှက်ထားခဲ့ပါတယ်။ ဒါပေမယ့် ဇွန်လ ၂ ရက်နေ့မှာ “Gyeom” ရဲ့ ဖခင်ဖြစ်သူ တွေ့သွားပြီး ရဲကိုတိုင်ကြားကာ လင်မယားနှစ်ယောက်လုံးကို အမှုဖွင့်ခဲ့ပါတယ်။ ချက်ခြင်းဆိုသလို သူတို့နှစ်ဦးကို ကလေးသူငယ် နှိပ်စက်မှု ပုဒ်မနဲ့ ဖမ်းဆီးခဲ့ပါတယ်။
 
 
 
ဖြစ်ရပ်မှန်ပေါ်ပေါက်ခဲ့ပြီး သူတို့ရဲ့လုပ်ရပ်အပေါ် ဒေါသဖြစ်နေကြတဲ့ အွန်လိုင်းသုံးသူတွေက သူတို့ရဲ့ ဆိုရှယ်မီဒီယာအကောင့်တွေကို လိုက်ရှာပြီး ဒေါသတကြီး ပြောဆိုဝေဖန်မှုတွေ များပြားလာခဲ့ပါတယ်။ အထူးသဖြင့် အပေါင်းအသင်းတွေနဲ့ သောက်စားပြီး ကလေးကိုလုံးဝပစ်ထားတဲ့ မိခင်ဖြစ်သူကို မိခင်စိတ်မရှိသူအဖြစ် ပိုလို့ထိုးနှက်ဝေဖန် တိုက်ခိုက်နေကြောင်း သိရှိရသည်။


Follow us on