1. Home
  2. International News

နေရာလုရာမှ စကားများပြီး အတန်းဖော်များဝိုင်းရိုက်၍ ကျောင်းသားတစ်ဦးသေဆုံး (ရုပ်သံ)

International News มิ.ย. 12, 2562 view 1,647
အိန္ဒိယနိုင်ငံမြောက်ပိုင်း အတ္တာပရာဒက်ရှ် ပြည်နယ် မလိုဘာကျေးရွာရှိ စာသင်ကျောင်းတစ်ခုတွင် ကျောင်းသားတစ်ဦးအား အဝတ်အစားများ ချွတ်ကာ အတန်းဖော်များက ကြိမ်လုံးများ တုတ်များနဲ့ ဝိုင်းရိုက်ပြီး ဆိုင်ကယ်နဲ့ ဖြတ်ကြိတ်မှုတို့ကြောင့် ကျောင်းသားတစ်ဦး သေဆုံးခဲ့ရသည်။
 
Ranjit Singht အမည်ရှိသော ကျောင်းသားက စာသင်ခန်းထဲက ရှေ့ဆုံးခုံတွင် ဝင်ထိုင်သည့် ကိစ္စအပေါ် မကျေမနပ်ဖြစ်ပြီး တစ်ယောက်နဲ့ အများ စကားများကြရာမှ ကျောင်းအဆောင်ပြင်ပသို့ ဆွဲထုတ်ကာ ရိုက်နှက်ခဲ့ကြခြင်းဖြစ်သည်။
 
ရုပ်သံမှာ အတွင်းခံဘောင်းဘီတိုလေးသာ ဝတ်ဆင်ထားသော ကလေးတစ်ယောက်ကို အခြားကျောင်းသားများက လိုက်ရိုက်နေတာကို တွေ့ခဲ့ရပါတယ်။ အဲဒီနောက် မော်တော်ဆိုင်ကယ်များဖြင့် သူ့ရဲ့ဗိုက်ပေါ် ကို အကြိမ်ကြိမ် ဖြတ်မောင်းခဲ့ကြပါတယ်။ Ranjit ကို ဆေးရုံပို့ခဲ့ပေမယ့် သေဆုံးသွားပြီဖြစ်ကြောင်း ဆရာဝန်တွေက အတည်ပြုခဲ့ပါတယ်။
 
 
Ranjit ရဲ့ဖခင်ဖြစ်သူက စက်ရုံလုပ်သားဖြစ်ပြီး မိခင်က နေမကောင်းသဖြင့် နယူးဒေလီမှာ ဆေးသွားကုနေတဲ့ အချိန်မှာ ဖြစ်ပွားခဲ့တာပါ။
ပြီးခဲ့တဲ့ စနေနေ့က ဖြစ်ပွားခဲ့တဲ့ အဆိုပါဖြစ်စဉ်မှာပါဝင်ခဲတဲ့ တစ်ယောက်ကို အရပ်က ဝိုင်းဖမ်းပြီး ရဲလက်အပ်ခဲ့ပါတယ်။ အဲဒီနောက်မှာ ပါဝင်ခဲ့သူ နောက်ထပ် ၄ ဦးကိုလည်း ထပ်မံဖမ်းဆီးနိုင်ခဲ့ပါတယ်။
 
ထွက်ပြေးလွတ်မြောက်နေတဲ့ အခြားကျောင်းသားတွေကိုလည်း ရဲကဆက်လက် စုံစမ်းလျှက်ရှိပါတယ်။ စနေ့နေ့ဟာ ကျောင်းပိတ်တဲ့နေ့ဖြစ်ပေမယ့် အားကစားနည်းပြက သင်တန်းတစ်ခု သင်ပေးရန် ကျောင်းသားတွေကို ခေါ်ယူခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာ အဆိုပါနည်းပြလည်း ပျောက်နေပြီး သူ့အနေနဲ့ ကျောင်းသားတွေကို ဒီလိုကျောင်းချိန်ပြင်ပမှာ ခေါ်ယူခွင့်မရှိဘူးလို့ ကျောင်းအာဏာပိုင်တွေက ပြောကြားခဲ့ပါတယ်။


Follow us on