1. Home
  2. International News

မြောက်ကိုရီးယားကို အပြည့်အဝ ထောက်ပံ့မည်ဟု တရုပ်သမ္မတ ကတိပြု

International News มิ.ย. 19, 2562 view 1,720
တရုတ်သမ္မတ ‘ရှီကျင်းပင်’ က ‘ကင်ဂျုံအန်’ ရဲ့ ဖိတ်ကြားမှုနဲ့ သူ့ရဲ့ပထမဦးဆုံး အလည်အပတ်ခရီးစဉ်အဖြစ် မြောက်ကိုရီးယားကို ရောက်ရှိနေစဉ်မှာ ငြိမ်းချမ်းရေးနဲ့ ဒေသတွင်း တည်ငြိမ်မှုရှိရေးအတွက် မြောက်ကိုရီးယားဘက်ကနေ အပြည့်အဝအထောက်အပံ့ပေးသွားမည်ဟု ကတိပြုလိုက်ကြောင်း သိရသည်။
 
 
ဗုဒ္ဓဟူးနေ့ထုတ် မြောက်ကိုရီးယား သတင်းစာ Rodong Sinmum ၏ ဖော်ပြချက်အရ တရုပ်နိုင်ငံဟာ အမေရိကန်နဲ့ ကုန်သွယ်ရေးနဲ့ နည်းပညာ ပိတ်ပင်တားဆီးခံရမှု ကြုံတွေနေရချိန်၊ ‘ကင်ဂျုံအန်’ ကလည်း ဖေဖော်ဝါရီလတွင်းက ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့မှာ သမ္မတဒေါ်နယ်ထရမ့် နဲ့ နျူကလီးယားဖျက်သိမ်းရေး ဆွေးနွေးညှိနှိုင်းမှုများ မအောင်မြင်ခဲ့တဲ့ အခြေအနေတွေမှာ နှစ်နိုင်ငံခေါင်းဆောင် နှစ်ဦး ပူးပေါင်း ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။
 
နိုင်ငံတကာရဲ့ အခြေအနေတွေ မည်မျှပင်ပြောင်းလဲနေပါစေ တရုတ်အနေနဲ့ ကင်ဂျုံအန် ဦးဆောင်တဲ့ မြောက်ကိုရီးယားပါတီနဲ့ ပြည်သူတွေကို မဟာဗျူဟာအသစ်တွေ ပံပိုးပြီး ထောက်ခံမှုတွေ မြဲမြံသွားမယ်” လို့ တရုတ်သမ္မတက ကတိပေးခဲ့ကြောင်း သတင်းဆောင်းပါးမှာ ဖော်ပြထားပါတယ်။
 
နိုင်ငံနှစ်ခုစလုံး ပိုမိုအင်အားကောင်းလာစေရန်ရည်ရွယ်ပြီး အပြန်အလှန်ဆက်ဆံရေးနဲ့ အပေးအယူတွေ လုပ်ဆောင်သွားမှာဖြစ်ပြီး ပြုံယမ်း အနေနဲ့ အခြားနိုင်ငံတွေနဲ့ စေ့စပ်ညှိနှိုင်းရေးတွေမှာလည်း တရုတ်နိုင်ငံက အပြည့်အဝ ထောက်ပံ့သွားမယ်လို့ ဆိုပါတယ်။
 
ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနဲ့ ဖွံ့ဖြိုးရေးတွေကို အတူတကွ တက်တက်ကြွကြွနဲ့ လုပ်ဆောင်သွားကြမှာပါ၊ ဒေသတွင်း ကြီးပွားချမ်းသားရေးကို ‘ကိုရီးယားဒီမိုကရက်တစ်ပြည်သူ့သမ္မတနိုင်ငံ’ နဲ့ ခိုင်မြဲတဲ့ ဆက်ဆံရေးတည်ဆောက်ပြီး လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။ မြောက်ကိုရီးယားရဲ့ တရားဝင်နိုင်ငံအမည်ကို တလေးတစားနဲ့ ထည့်သွင်းပြောဆိုခဲ့တာပါ။
 
တရုတ်နိုင်ငံအနေနဲ့ အခြားစီပွားရေးလုပ်ငန်းရှင်တွေနဲ့ ညှိနှိုင်းပြီး ကိုရီးယားကျွန်းဆွယ်မှာ ဖြစ်ပေါ်နေတဲ့ ပြသနာတွေကိုလည်း ပြေလည်မှုရအောင် ညှိနှိုင်းလုပ်ဆောင်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။
 
မြောက်ကိုရီးယားအပေါ်  နျူကလီးယားဖျက်သိမ်းရေးအကြိုအဖြစ် အမေရိကန်ရဲ့  စီးပွားရေးအရပိတ်ဆို့မှု အချို့ ဖြေလျော့ပေးဖို့ ညှိနှိုင်းကြရာမှာ အမေရိကန်ဘက်က တင်းမာခဲ့တာကြောင့် အဆင်မပြေဖြစ်ခဲ့ပြီး နှစ်နိုင်ငံထိပ်သီးတွေ့ဆုံပွဲ မအောင်မမြင်ဖြစ်ခဲ့ရပါတယ်။ 
သိပ်မကြာမီမှာ တရုတ်နည်းပညာကုမ္ပဏီ ဟွာဝေး ကို အမေရိကန်တို့က အမည်ပျက်စာရင်းသွင်းခဲ့သလို နှစ်နိုင်ငံ ကုန်စည်တင်ပို့မှုတွေမှာလည်း အခွန်အကောက်တွေကြောင့် ကုန်သွယ်ရေး စစ်ပွဲအသွင်ဆောင်ခဲ့ကြပါတယ်။
 
 
ဒီအဖြစ်ပျက်တွေဖြစ်ပြီးနောက် မြောက်ကိုရီးယားက တရုတ်ကို ဖိတ်ကြားပြီး နှစ်နိုင်ငံခေါင်းဆောင်တွေ တွေ့ဆုံခဲ့ကြတာဖြစ်ပါတယ်။ လတ်တလောမှာ တရုတ်နိုင်ငံက မြောက်ကိုရီးယားကို လူသားချင်းစာနာတဲ့ အထောက်အပံ့တွေ အလုံးအရင်းနဲ့ ထောက်ပံ့ပေးနေတယ်လို့ စွပ်စွဲခံထားရပါတယ်။
 
တရုတ်သမ္မတ ‘ရှီကျင်းပင်’ ရဲ့ မြောက်ကိုရီးယား အလည်အပတ်ခရီးစဉ်ဟာ ၂၀၀၅ ခုနှစ်က တရုတ်ခေါင်းဆောင် ‘ဟူဂျင်တောင်’ ပြီးရင် ပထမဦးဆုံး ပြန်လည် ဆက်သွယ်တဲ့ ခရီးစဉ်လည်းဖြစ်ပါတယ်။
 


Follow us on