1. Home
  2. International News

၂ နှစ်အရွယ် မြန်မာကလေးငယ် ပန်ကာနဲ့ ရိုက်မိကာ သေဆုံး

International News มิ.ย. 20, 2562 view 1,842
မလေးရှားနိုင်ငံတွင် အသက် ၂ နှစ်အရွယ် မြန်မာ မိန်းကလေးငယ်တစ်ဦး နေအိမ်ရှိ မျက်နှာကျက်ပန်ကာနဲ့ ဦးခေါင်းကို ရိုက်မိကာ သေဆုံးခဲ့မှု ဇွန်လ ၁၇ ရက် တနင်္လာနေ့က ဖြစ်ပွားခဲ့သည်။
 
ဖြစ်စဉ်မှာ ကွာလာလမ်ပူမြို့ အန်ပမ်းရပ်ကွက်ရှိ နေအိမ်သို့လာရောက်လည်ပတ်သည့် ဆွေမျိုးတော်စပ်သူ အမျိုးသားက ကလေးကို မြောက်ချီပစ်ကစားရာမှ မျက်နှာကျက်တွင် လည်နေသော ပန်ကာရွက်ဖြင့် ဦးခေါင်းကို ရိုက်မိကာ ဒဏ်ရာအပြင်အထန်ရခဲ့သည်။ 
 
 
ကလေးကို မိဘများက ကွာလာလမ်ပူဆေးရုံကြီးသို့ တင်ပို့ခဲ့သော်လည်း ကလေးမှာ သေဆုံးသွားပြီဖြစ်ကြောင်း ဆရာဝန်များက အတည်ပြုခဲ့ကြသည်။ ဖြစ်စဉ်တွင် ကလေးအားမြောက်ချီကစားခဲ့သော အသက် ၂၅ နှစ်အရွယ် မြန်မာအမျိုးသားအား ဇွန်လ ၁၈ ရက်နေ့ မွန်းလွဲ ၁ နာရီ ၁၅ အချိန်တွင် ရဲများက ဖမ်းဆီးခေါ်ခဲ့ကြောင်းသိရသည်။
 
ဇွန်လ ၂၅ ရက်နေ့ထိ ဖမ်းဆီးထိန်းသိမ်းထားမည်ဖြစ်ပြီး အမှုကို ကလေးသူငယ်နှိပ်စက်ညှင်းပန်းမှု ဥပဒေပုဒ်မ ၃၁ (၁)(က) ဖြင့် စစ်ဆေးသွားမည်ဖြစ်သည်။
 


Follow us on