1. Home
  2. International News

မလေးရှားလေယာဉ် MH17 ကို ပစ်ချခဲ့မှုအတွက် တာဝန်ရှိသူ ၄ ဦးကို စွဲချက်တင်

International News มิ.ย. 20, 2562 view 1,649
လွန်ခဲ့သော ၅ နှစ်၊ ၂၀၁၄ ခုနှစ်က ပျက်ကျသွားခဲ့တဲ့ မလေးရှားလေကြောင်းလိုင်း MH17 ဟာ လေယာဉ်ပစ် ဒုံးကျဉ်ဖြင့် ပစ်ချခံခဲ့ရကြောင်း စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီးနောက် အတည်ပြုနိုင်ခဲ့သဖြင့် တာဝန်ရှိသူ စစ်ဘက်ဆိုင်ရာ ရုရှားအရာရှိ ၃ ဦး နဲ့ ယူကရိန်းအရာရှိ ၁ ဦးတို့ကို စွဲချက်တင်လိုက်သည်။
 
 
၂၀၁၄ ခုနှစ်က MH17 လေယာဉ်ဟာ အမ်စတာဒန်မြို့ကနေ ကွာလာလမ်ပူမြို့ကို ပျံသန်းစဉ် ယူကရိန်းနိုင်ငံ အရှေ့ပိုင်းတွင် ပျက်ကျက်သွားခဲ့ပြီး လူ ၂၉၈ ဦး သေဆုံးခဲ့ရသည်။ 
လေယာဉ်ပျံအား ပစ်ချခဲ့သည်ဟူသော စွပ်စွဲချက်ဖြင့် ရုရှားစုံစမ်းထောက်လှမ်းရေး အရာရှိဟောင်း နှစ်ဦးဖြစ်တဲ့ ‘Igor Girkin’ ၊ ‘Sergey Dubinsky’ တို့နဲ့အတူ ရုရှားစစ်တပ်အရာရှိဟောင်း ‘Oleg Pulatov’ နဲ့ ယူကရိန်းစစ်တပ်မှ တပ်မှူး ‘Leonid Kharchenko’ တို့ကို လာမည့် ၂၀၂၀ မတ်လတွင် တရားစွဲဆိုစုံစမ်းစစ်ဆေးမှုများ နယ်သာလန်နိုင်ငံတွင် စတင်ပြုလုပ်သွားမည်ဖြစ်ကြောင်း ဒတ်ခ်ျလူမျိုး အစိုးရရှေ့နေ ‘Fred Westerbeke’ က ပြောကြားခဲ့သည်။
 
 
 ‘Igor Girkin’ ၊ ‘Sergey Dubinsky’
 
 
‘Oleg Pulatov’ ၊ Leonid Kharchenko’
 
ဒါပေမယ့် ရုရှားသမ္မတ ဗလာတီမာပူတင်က စွပ်စွဲချက်ကို ငြင်းပယ်လိုက်ပြီး စုံစမ်းစစ်ဆေးမှုတွေမှာ ပါဝင်မှာမဟုတ်သလို မည်သူတစ်ဦးတစ်ယောက်ကိုမှလည်း လွှဲပြောင်းပေးအပ်မှာ မဟုတ်ဘူးလို့ ပြောကြားခဲ့ပါတယ်။
ဗြိတိသျှနိုင်ငံခြားရေး အတွင်းရးမှူး Jeremy Hunt က ဗုဒ္ဓဟူးနေ့က ရုရှားအာဏာပိုင်များထံ ဆက်သွယ်ပြီး ယခုအမှုမှာ အပြည့်အဝ ပူးဆောင်ရွက်ဖို့နဲ့ သေဆုံးခဲ့သူတွေရဲ့ မိသားစုဝင်တွေအတွက် တရားမျှတမှုရှိအောင် လုပ်ဆောင်ဖို့ တိုက်တွန်းခဲ့ပါတယ်။
 
 
MH17 ပျက်ကျခဲ့တဲ့အမှုကို စုံစမ်းရန်  သြစတြေးလျ၊ ဘယ်လ်ဂျီယံ၊ မလေးရှား၊ နယ်သာလန် နဲ့ ယူကရိန်းနိုင်ငံတို့မှ သုတေသန ကျွမ်းကျင်ပညာရှင်များ ပေါင်းစည်းပြီး စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။
ပေါင်းစုအဖွဲ့ရဲ့ စစ်ဆေးမှုများအရ လေယာဉ်ကို ပစ်ချခဲ့တဲ့ BUK ဒုံးကျည်ဟာ ရုရှားနိုင်ငံ အနောက်ပိုင်း Kursk မြို့မှာ အခြေစိုက်ထားတဲ့ စစ်စခန်းက လေယာဉ်ပစ်အမြောက်ကနေ ပစ်ချခဲ့တယ်လို့ တွေ့ရှိခဲ့ကြရပါတယ်။
 
 
 
မလေးရှားလေကြောင်းလိုင်း MH17 ဟာ ၂၀၁၄ ခုနှစ် ဇူလိုင်လ ၁၇ ရက်နေ့မှာ ရုရှားခွဲထွက်ရေးဝါဒီတွေ စိုးမိုးတဲ့ ယူကရိန်နယ်မြေထဲကနေ ပစ်ချခံခဲ့ရတာဖြစ်ပါတယ်။ 
လေယာဉ်ပေါ် ပါသွားသူတွေထဲမှာ ဒတ်ခ်ျလူမျိုး ၁၉၆ ဦး၊ သြစတြေးလျနိုင်ငံသား ၃၈ ဦး နဲ့ ယူကေ၊ ယူကရိန်း၊ ကနေဒါ၊ မလေးရှား၊ ဂျာမဏီ၊ ဘယ်လ်ဂျီယံ၊ ဖီလစ်ပိုင် နဲ့ အင်ဒိုနီးရှား ခရီးသည်များနဲ့ လေယာဉ်အမှူထမ်းများ စုစုပေါင်း ၂၉၈ ဦး သေဆုံးခဲ့ရပါတယ်။


Follow us on