1. Home
  2. International News

ကိုယ့်ကိုယ်ကို အဆုံးမစီရင်ခင် ဆက်ဖီးလ်ပုံတွေ ရိုက်ပြီး အွန်လိုင်းပေါ်တင်ခဲ့တဲ့ ချစ်သူနှစ်ဦး

International News มิ.ย. 21, 2562 view 1,523

ပြီးခဲ့ရက်ပိုင်းက အိန္ဒိယနိုင်ငံ မြောက်ပိုင်းဒေသ လီလာဆာ ဆိုတဲ့ ရွာမှာ ဆယ်ကျော်သက် လူငယ်စုံတွဲ တစ်တွဲဟာ ပစ္စတိုသေနတ်ဖြင့် ကိုယ့်ကိုယ်ကို အဆုံးစီရင်ခဲ့ကြပါတယ်။ ကိုယ့်ကိုယ်ကို အဆုံးမစီရင်ခင် သူတို့နှစ်ဦးဟာ ဆက်ဖီးလ် ဓါတ်ပုံတွေရိုက် အွန်လိုင်း ပေါ်တင်ခဲ့ကြပါတယ်။ အဆိုပါလူငယ်နှစ်ဦးတို့ရဲ့အမည်က အန်ဂျူးဆူသားနှင့် ရှမ်းခါချူဟာရီတို့ဖြစ်ပြီး အသက် ၂၁ နှစ် ဖြစ်တယ်လို့ news18 ရဲ့ ဖော်ပြချက်အရ သိရပါတယ်။

ကောင်လေး နှင့် ကောင်းမလေးဟာ နှစ်အတော်ကြာချစ်ကြိုက်ခဲ့ပြီး ကောင်မလေးဟာ ပြီးခဲ့တဲ့ ၂ လလောက်က အခြားကောင်လေး တစ်ယောက်နဲ့ လက်ထပ်ခဲ့ပါတယ်။ သူမဟာ အခြားကောင်းလေးနဲ့ လက်ထပ်ခဲ့ရပေမယ့် သူမ၏ ချစ်ခြင်းမေတ္တာက သူချစ်သူကောင်လေးဆီမှာ ရှိတာကြောင့် မသေခင် ၁၀ ရက်အလိုမှာ သူကောင်လေးရှိတဲ့ ရွာကိုလိုက်လာခဲ့တယ်လို့ သိရပါတယ်။

ထို့နောက် သူတို့နှစ်ယောက်ဟာ လယ်ကွင်းပြင်မှာ ဘီယာ ၊ အရက်တွေကိုသောက်ပြီး နှစ်ဦးဆိုင် သေနတ်ဖြင့် ကိုယ့်ခေါင်းကို ပစ်သတ်ခဲ့ကြပြီး အဆုံးစီရင်ခဲ့ကြပါတယ်။ မသေခင်မှာ သူတို့နှစ်ဦးဟာ ဓါတ်ပုံ ၅၀  ၊ ဗီဒီယို ၆ နှင့် ၊ အသံဖိုင် ၃ ခုရိုက်ကူးခဲ့ကြပါတယ် ။ အဆိုပါစုံတွဲဟာ ကိုယ့်ကိုကိုယ် ဦးခေါင်းကို သေနတ်ဖြင့် မပစ်ခင်အထိ ဓါတ်ပုံတွေ တစ်လက်စက် ရိုက်ကူးခဲ့ကြတယ်လို့် သိရပါတယ်။

ထို့နောက် ၎င်းတို့နှစ်ဦးဟာ ဓာတ်ပုံနှင့်ဗီဒီယိုများကို ဆိုရှယ်မီဒီယာမှာတင်ပြီးနောက် ကိုယ့်ကိုယ်ကို အဆုံးစီရင်သွားခဲ့ကြတာပါ။ သူတို့၏ အသေအလောင်းတွေကို နောက်နေ့မနက်မှာ လယ်ကွင်းပြင်မှာ တွေ့ ရှိခဲ့ပါတယ်။

ထို့စုံတွဲဟာ ကိုယ့်ကိုယ်ကိုမသေဆုံးမီ အရက်သောက်ခဲ့ကြတာတွေ့ရပြီး အရက်မူးကာ သူ့ တို့် ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ အဆုံးစီရင်ခဲ့ကြတာပါလို့ ရဲ တာဝန်ရှိသူတွေက ပြောပါတယ်။ ရဲတပ်ဖွဲ့ က သူတို့နှစ်ဦး ပစ္စတိုသေနတ်ကို ဘယ်လို့ရရှိလာလဲဆိုတာကို စစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။

Ref  ; The sun



Follow us on