1. Home
  2. International News

အီရန်လေပိုင်နက်ကို ဖြတ်သန်းရသည့် အမေရိကန်လေကြောင်း ခရီးစဉ်များဆိုင်းငံ့

International News มิ.ย. 24, 2562 view 1,514
ပြီးခဲ့တဲ့ သီတင်းပတ်က အမေရိကန်လေတပ်ပိုင် မောင်းသူမဲ့ စောင့်ကြည့်ဒရုန် လေယာဉ်အား အီရန်တို့က ပစ်ချခဲ့ပြီးနောက် နယူးယော့ခ်ကနေ အိန္ဒိယနိုင်ငံ မွန်ဘိုင်းမြို့ကို ပြေးဆွဲနေသည့် လေယာဉ်ခရီးစဉ်များ ဆိုင့်ငံထားကြောင်း အမေရိကန်လေကြောင်းလိုင်းက ထုတ်ပြန်ပြောဆိုလိုက်သည်။
 
“လက်ရှိ အီရန်နဲ့ ဖြစ်ပွားနေတဲ့ အခြေအနေတွေအရ လုံခြုံရေးနဲ့ ဘေးအန္တရာယ်ကင်းရှင်းရေး အချက်တွေကို ဦးစားပေးတဲ့အနေနဲ့  ဒီခရီးစဉ်ကို ယာယီရပ်ဆိုင်းကြောင်း ဆုံဖြတ်ခဲ့ကြပါတယ်” ဟာ အမေရိကန်လေကြောင်းလိုင်းရဲ့ ဝဘ်ဆိုက်စာမျက်နှာမှာ ဖော်ပြထားပါတယ်။
 
 
ပြီးခဲ့တဲ့ ကြာသပတေးနေ့က လေကြောင်းထိန်းသိမ်းရေးဆိုင်ရာဌါနမှ အမေရိကန်လေကြောင်းလိုင်းများကို အီရန်တို့ ထိန်းချုပ်ထားသည့် လေကြောင်းပိုင်နက်တွေဖြစ်တဲ့ ဟော်မက်ဇ် ရေလက်ကြားနဲ့ အိုမန်ပင်လယ်ကွေ့တို့က ဖြတ်သန်းမသွားကြဖို့ အရေးပေါ် ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။
 
ပြင်သစ်လေကြောင်းလိုင်း၊ ကာတာလေကြောင်းလိုင်းနဲ့ KLM လေကြောင်းတို့ကလည်း အဆိုပါဒေသတွေနဲ့ မလွတ်ကင်းတဲ့ သူတို့ရဲ့ လေယာဉ်ခရီးစဉ်လမ်းကြောင်းတွေကိုလည်း ပြောင်းလဲပြေးဆွဲသွားမည်ဟု ထုတ်ပြန်ခဲ့သည်။
 
အမေရိကန်ဒေါ်လာ သန်း ၁၃၀ တန် ဒရုန်းလေယာဉ် ပစ်ချခံရမှုအတွက် အီရန်နိုင်ငံအပေါ် စစ်ရေးအရ လက်တုံ့ပြန်ရန် သမ္မတဒေါ်နယ်ထရမ့် က သောကြာနေ့က ခွင့်ပြုခဲ့ပြီးဖြစ်ပါတယ် ဒါပေမယ့် စတင်တိုက်ခိုက်မှုကို မပြုလုပ်သေးရန် နောက်ပြန်ဆွဲထားကြောင်း နယူးယော့ခ်တိုင်းမ်းစ် သတင်းစာတွင် ဖော်ပြပါရှိသည်။
 


Follow us on