လန်ဒန်မြို့၊ လူစည်ကားရာ မြေအောက်ရထားဘူတာ ပလက်ဖောင်းပေါ်မှာ ရထားစောင့်နေတဲ့ အသက် ၉၁ နှစ်အရွယ် အမျိုးသားကြီးဟာ အနောက်ကနေ အရှိန်နဲ့ စောင့်တွန်းခံရတာကြောင့် ရထားသံလမ်းကြားထဲကို ပစ်ကျသွားခဲ့ရပါတယ်။
အဲဒီအတွက် တရားရုံးနှစ်ခုက အကြောင်းမဲ့သက်သက် ရထားတိုက်စေရန် ရည်ရွယ်ပြီး နောက်ကနေအရှိန်နဲ့ ဆောင့်တွန်းကာ လူသတ်ရန်ကြံရွယ်ခဲ့ကြောင်း ပြစ်မှုထင်ရှားသဖြင့် တရားခံကို ထောင်ဒဏ်တစ်သက် ကျခံစေရန် ဇွန်လ ၂၄ ရက်နေ့က အမိန့်ချမှတ်လိုက်ပါတယ်..
အသက် ၂၃ နှစ်အရွယ် ‘ပေါလ်ခရော့စလေ’ ဟာ ပြီးခဲ့တဲ့နှစ် ဧပြီ ၂၇ ရက်နေ့က လန်ဒန်မြို့ တော်တန်ဟမ်ရှိ Cross Road ဘူတာရုံမှာ ရထားဘူတာထဲ ဝင်လာစဉ် အချိန်ကိုက်ပြီး လူတစ်ယောက်ကို နောက်ကနေ စောင့်တွန်းခဲ့ပါတယ်၊ ဒါပေမယ့် မအောင်မြင်ခဲ့ပါဘူး။
အဲဒီနောက် အခြားနောက်ထပ် ဘူတာရုံတွေကို လျှောက်သွားခဲ့ပြီး Marble Arche ဘူတာအရောက်မှာ တုန်တုန်ယင်ယင်နဲ့ လျှောက်လာတဲ့ အဖိုးအိုကို တွေ့သွားပါတယ်။ နောက်ကနေ အားနဲ့စောင့်တွန်းချလိုက်ရာ အဖိုးအိုမှာ ပလက်ဖောင်းပေါ်မှ သံလမ်းနှစ်ခုကြား လွှင့်ကျသွားခဲ့ပြီး အရိုးကျိုးဒဏ်ရာ၊ ပြတ်ရှပွန်းပဲ့ဒဏ်ရာတွေ ရသွားခဲ့ပါတယ်။
‘ပေါလ်ခရော့စလေ’ ဟာ အခုလို စီရင်ချက် မချသေးမီကတည်းက သူ့ရဲ့စိတ်ပိုင်းဆိုင်ရာ အခြေအနေတွေကို ဆေးရုံမှာ စစ်ဆေးမှုခံယူနေရပြီး အနည်းဆုံး ၁၂ လလောက် နေရဦးမယ်လို့ သယ်ယူပို့ဆောင်ရေး ရဲအရာရှိကဆိုပါတယ်။
အမှုကိုကိုင်တွယ်ခဲ့ရတဲ့ အကြီးတန်း စုံစမ်းစစ်ဆေးရေးအရာရှိ Darren Gough က သူနဲ့ထိုက်တန်တဲ့ ပြစ်ဒဏ်ကို ရုံးတော်က ချမှတ်လိုက်တဲ့အတွက် ကျေနပ်တယ်လို့ ဆိုပါတယ်။