1. Home
  2. International News

ဥရောပတစ်ခွင်လုံး မကြာခင် မွတ်ဆလင် (သို့) လူမည်းနိုင်ငံဖြစ်တော့မည်ဟု ဘုန်းတော်ကြီး ဒလိုင်းလားမား သတိပေး

International News มิ.ย. 28, 2562 view 1,722
နိုင်ငံရေးခိုလှုံသူတွေကို သူတို့ရဲ့ လာရင်းနေရပ်ကို ပြန်မပို့ပဲ ဒီအတိုင်းသာ ဆက်လက်ထားနေပါက ဥရောပတစ်ခွင်လုံး မကြာခင်မှာ မွတ်ဆလင်နိုင်ငံ ဒါမှမဟုတ် အာဖရိကလူမည်းနိုင်ငံတွေ ဖြစ်ကုန်ကြတော့မည်ဟု တစ်ကမ္ဘာလုံးက လေးစားကြရတဲ့ တိဘက် ဗုဒ္ဓဘာသာဘုန်းတော်ကြီး “ဒလိုင်းလားမာ” က ပြောဆို သတိပေးလိုက်ပါတယ်။
 
 
ဘုန်းတော်ကြီး ‘ဒလိုင်းလားမား’ ကိုယ်တိုင်ဟာ ၁၉၅၉ ခုနှစ်မှာ ဒုက္ခသည်အဖြစ်နဲ့  အိန္ဒိယနိုငံမှာ ခိုလှုံခဲ့ရဖူးပါတယ်။ သူက နေရပ်ရွေ့ပြောင်းလာသူတွေကို အကန့်အသတ်နဲ့သာ ခွင့်ပြုသင့်တယ်လို့ ဆိုပါတယ်။
 
ဥရောပနိုင်ငံတွေမှာ ဒုက္ခသည်အဖြစ်လာရောက်ခိုလှုံနေသူတွေကို နေရပ်ပြန်မို့ခင်မှာ နေထိုင်လုပ်ကိုင် စားသောက်နိုင်တဲ့ အတတ်ပညာတစ်ခုခုလည်း သင်ပေးသင့်တယ်လို့ ဘီဘီစီနဲ့ အင်တာဗျူးမှာ ပြောကြားခဲ့ပါတယ်။
 
 
ဥရောပအနေနဲ့ အကူအညီလိုအပ်နေတဲ့ သူတွေကို အကူအညီပေးဖို့ ဝတ္တရားအရ ကူညီနေတာမှန်ပေမယ့် တစ်ချိန်မှာတော့ အဲဒီလူတွေကို သူတို့ရဲ့ နေရပ်ကို ပြန်ပို့သင့်တယ်လို့ ဆိုပါတယ်။
 
အကယ်၍ဒုက္ခသည်တွေဟာ သူတို့ရဲ့ နေရပ်ကိုမပြန်ချင်တော့ပဲ လက်ရှိရောက်နေတဲ့ နိုင်ငံတွေမှာ ဆက်နေချင်တယ်ဆိုရင် ဘာတွေဖြစ်လာမလဲဆိုတဲ့ မေးခွန်းကိုတော့ “အရေအတွက် အကန့်အသတ်နဲ့ဆိုရင် အဆင်ပြေပါတယ်၊ ဒါပေမယ့် နောက်ဆုံးမှာ ဥရောပနိုင်ငံတွေဟာ မွတ်ဆလင်နိုင်ငံတွေ ဖြစ်လာလိမ့်မယ်၊ မဖြစ်နိုင်ဘူးလား။ ဒါမှမဟုတ်ရင် အာဖရိကနိုင်ငံ ဒါလည်း မဖြစ်နိုင်ပြန်ဘူးလား” ဟု ပြန်လည် ဖြေကြားခဲ့ပါတယ်။
 
အီးယူအနေနဲ့ တစ်ကမ္ဘာလုံးက ဒုက္ခသည်တွေကို ကူညီကယ်တင်နေတဲ့ လုပ်ရပ်ကို သူ့အနေနဲ့ သဘောကျတယ်လို့ဆိုပါတယ် ဒါပေမယ့် ဥရောပတိုက်ဟာ ဥရောပနိုင်ငံသားတွေအတွက်ပဲ ဖြစ်သင့်ပါပြီး နေရပ်စွန့်ခွာလာတဲ့ ဒုက္ခသည်တွေကိုတော့ လုံလောက်တဲ့ အတတ်ပညာတွေပေးပြီးရင် သူတို့နိုင်ငံတွေဆီ ပြန်ခိုင်းသင့်ပါတယ်၊ သူတို့ရေမြေ သူတို့ဒေသဟာ သူတို့အတွက် ပိုကောင်းပါတယ်လို့ ဆိုပါတယ်။
 
 
အီးယူရဲ့ လူဦးရေစစ်တမ်းအရ ၄.၄ ရာခိုင်နှုန်းဖြစ်တဲ့ ၅၂၁ သန်းသော လူဦးရေဟာ အီယူအသိမှတ်ပြုနိုင်ငံသားတွေ မဟုတ်ကြပါဘူး။ စာရင်းကိန်းဂဏန်းတွေအရ အီယူမဟုတ်တဲ့ နိုင်ငံတွေကနေ အီးယူနိုင်ငံတွေကို ပြောင်းရွေ့လာကြတဲ့ ဒုက္ခသည်တွေဟာ ၂၀၁၇ ခုနှစ် တစ်နှစ်ထဲမှာတင် ၂.၄ သန်း ရှိနေပါတယ်။


Follow us on