1. Home
  2. International News

အမေရိကန်နဲ့ တရုတ် ကုန်သွယ်ရေးစစ်ပွဲမှာ အင်ဒိုနီးရှား အမြတ်ထွက်လာ

International News มิ.ย. 28, 2562 view 1,940
အမေရိကန် နဲ့ တရုပ်တို့ရဲ့ ကုန်သွယ်ရေးတိုက်ပွဲမှာ နှစ်ဘက်စလုံးက အခြေအနေတင်းမာနေတာကြောင့် အမေရိကန်ထုတ်ကုန်ဖြစ်တဲ့ Apple အတွက် အထောက်အပံ့ပစ္စည်းများ အကြီးအကျယ် ထုတ်လုပ်ပေးနေသည့် Pegatron ကော်ပိုရေးရှင်းက အင်ဒိုနီးရှားအပိုင် ဘာတန်ကျွန်းမှာ စက်ရုံအသစ်တစ်ခု ဖွင့်လှစ်ပြီး လုပ်ငန်း ပြောင်းရွေ့လုပ်ကိုင်ခဲ့တဲ့အတွက် အင်ဒိုနီးရှားနိုင်ငံဟာ နှစ်နိုင်ငံကုန်သွယ်ရေး စစ်ပွဲကြားမှာ အကျိုးအမြတ်တွေရရှိလာပါတယ်။
 
 
အမေရိကန်ဒေါ်လာ သန်း ၄၀ တန် လုပ်ငန်းကြီးတစ်ခုလုံး တရုတ်နိုင်ငံကနေ အင်ဒိုနီးရှားကို ပြောင်းရွေ့သွားခဲ့တာပါ။ Pegatron အနေနဲ့ ဘာတန်ကျွန်းမှာ ရှိတဲ့ ဘာတန်အင်ဒိုစက်မှုဇုံထဲက ၇၉၀ ဧက မြေနေရာမှာ စက်ရုံထူထောင်ပြီး ဝါယာလက်စ်ချစ်ပ်နဲ့ ဆီမီးကွန်ဒက်တာတွေအပါအဝင် အခြားသော လျှပ်စစ်ဆိုင်ရာ အစိတ်အပိုင်းတွေ ထုတ်လုပ်သွားမှာ ဖြစ်ပါတယ်။
 
 
ဒါ့အပြင် ဒေသခံ လျှပ်စစ်ပစ္စည်း ထုတ်လုပ်တဲ့စက်ရုံဖြစ်တဲ့ PT Sat Nusapersada Tbk နဲ့ ပူးပေါင်းပြီး လုပ်ငန်းတိုးချဲ့သွားဖို့ရှိပါတယ်။ ယခုနှစ်ကုန်ပိုင်းမှာ ပြီးစီးတော့မယ့် ယင်းကုမ္ပဏီပိုင် ဆောက်လက်စ စက်ရုံအသစ်တစ်ခုကို ထပ်မံငှားရမ်းပြီး ပစ္စည်းတွေ တိုးချဲ့ထုတ်လုပ်သွားမှာဖြစ်ပါတယ်။
 
 
ဘာတန်ကျွန်းဟာ စင်ကာပူနိုင်ငံနဲ့ ကီလိုမီတာ ၃၀ သာဝေးတဲ့ အင်ဒိုနီးရှားပိုင်ကျွန်း တစ်ကျွန်းဖြစ်ပါတယ်။ ကုန်သွယ်ရေးစစ်ပွဲကြောင့် တရုပ်နိုင်ငံထဲက ကုမ္ပဏီတွေဟာ ဗီယက်နမ်နဲ့ အရှေ့တောင်အာရှနိုင်ငံတွေကို ပြောင်းရွေ့နေကြပါတယ်။ ဒါပေမယ့် လက်ရှိအခြေနေအရ ဗီယက်နမ်နိုင်ငံရဲ့ မြေငှားရမ်းခနှုန်းတွေ မြင့်တက်လာခြင်း၊ ကျွမ်းကျင်လုပ်သား ရှားပါးလာခြင်းတို့ကြောင့် အခြားနိုင်ငံတွေကို ပိုပြီးမျက်စိကျလာခဲ့ကြပါတယ်။
 
အင်ဒိုနီးရှားရဲ့ တရားဝင်ထုတ်ပြန်ထားတဲ့ စာရင်းအရ နိုင်ငံခြားရင်းနှီးမြုတ်နှံမှုဟာ ၂၀၁၇ ခုနှစ်မှာ အမေရိကန်ဒေါ်လာ ၄၅၂.၈၆ သန်း ရှိခဲ့ပြီး ၂၀၁၈ ခုနှစ်မှာတော့ အဲဒီရဲ့ တစ်ဝက်ကိုတောင် မမီခဲ့တဲ့အတွက် အစိုးရအနေနဲ့ စီပွားရေးအရှိန်နှေးလာမှုကို ရုန်ကန်နေခဲ့ကြရပါတယ်။ ဒီလိုအချိန်မှာ အခုလိုရွေ့ပြောင်းလာတဲ့ နိုင်ငံခြားရင်းနှီးမြုတ်မှုအသစ်တွေက နိုင်ငံအတွက် အကျိုးအမြတ်ရစေပါတယ်။
ဒေသတွင်းစီးပွားရေးရဲ့ ၅၀% ကျော်ဟာ လျှပ်စစ်ပစ္စည်းထုတ်လုပ်မှုတွေက ရရှိကြောင်း ဘာတန်ဖွံ့ဖြိုးရေးအာဏာပိုင် အဖွဲ့အစည်းရဲ့ ပြောခွင့်ရပုဂ္ဂိုလ်က ဆိုပါတယ်။
 
 
Pegatron ဟာ Apple အတွက် အထောက်အပံ့ပစ္စည်းမျာသာမက Xiaomi(ရှောင်းမီ)၊ Cisco(ဆစ်စကို)၊ ဆိုနီ၊ ရှပ် နဲ့ အေဆာ တံဆိပ်တွေအတွက်ပါ ပစ္စည်းအစိတ်အပိုင်းတွေ ထုတ်လုပ်ပေးနေတာဖြစ်ပြီး ယခုနှစ်မှာ ခါတိုင်းထက် ၃၀% ကျော် အမှာစာတွေ ပိုပြီးရရှိထားကြောင်း ကုမ္ပဏီရဲ့ အမှုဆောင်ဒါရိုက်တာက ဆိုပါတယ်။
 
Pegatron ကုမ္ပဏီဟာ တရုတ်နိုင်ငံအရှေ့ပိုင်းရှိ ဆူကျိုးမြို့ ကနေ အင်ဒိုနီးရှားနိုင်ငံ ဘာတန်ကျွန်းကို စက်ရုံပြောင်းရွေ့လာခဲ့တာဖြစ်ပါတယ်။ ပထမဦးဆုံးအရစ် ရင်းနှီးမြုတ်နှံမှဒအဖြစ် အမေရိကန်ဒေါ်လာ ၁၈ သန်း စတင်ထားပြီဖြစ်ကြောင်း သိရသည်။


Follow us on