1. Home
  2. International News

ကျောင်းကားကြမ်းပြင်ကျွံကျပြီး ၆ တန်းကျောင်းသားလေး သေဆုံး

International News ก.ค. 05, 2562 view 1,765
မလေးရှားနိုင်ငံမှ အသက် ၁၂ နှစ်အရွယ် ၆ တန်း ကျောင်းသားတစ်ဦး ကျောင်းကားနဲ့ ကျောင်းကို သွားနေစဉ် ရုတ်တရက် ကျောင်းကားကြမ်းပြင်မှ လမ်းမပေါ် ကျွံကျပြီး သေဆုံးခဲ့ရမှုတစ်ခု ဇူလိုင်လ ၄ ရက် ကြာသပတေးနေ့ မွန်းလွဲ ၁ နာရီဝန်းကျင်တွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
 
 
၆ တန်းကျောင်းသားလေး Wan Muhammed Adam Mohd ဟာ ထရန်ဂါနူးပြည်နယ်ရှိ ဘူကစ်ကီလန်းရှိ ကျောင်းသို့ ကျောင်းကားဖြင့်သွားရာ လမ်းတွင် မတော်တဆမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
 
 
Adam နဲ့အတူ သူငယ်ချင်းအချို့ဟာ ကျောင်းကား၏ အရှေ့ဘက် တံခါးပေါက်အနီးတွင် မတ်တပ်ရပ်လျှက် စီးနင်းလိုက်ပါလာစဉ် ရုတ်တရက် သူရပ်နေရာနေရာမှ ကား၏ကြမ်းပြင်ပွင့်ကျခဲ့ပြီး ကားလမ်းပေါ်သို့ ပြုတ်ကျကာ ကျောင်းကား၏ နောက်ဘီးနဲ့ တက်ကြိတ်ခံခဲ့ရမှုကြောင့် ဒဏ်ရာများ အပြင်အထန်ရရှခဲ့ပါတယ်။ အနီးဆုံးဆေးရုံဖြစ်တဲ့ Hospital Tengku Anis ကို တင်ပို့ခဲ့ရပါတယ်။
 
 
မိဘများကို ကျောင်းက အကြောင်းကြားသဖြင့်  ဆေးရုံသို့ ရောက်လာချိန်တွင် အခြေအနေဆိုးရွားနေသော သားဖြစ်သူကို တွေ့ခဲ့ရပါတယ်။ မကြာမမီမှာပင် ကလေးဟာ ဒဏ်ရာများနဲ့ သေဆုံးသွားခဲ့ပါတယ်။
 
 
Adam မှာ ကျောင်းတွင် စာတော်သော ကလေးတစ်ယောက်ဖြစ်ပြီး လက်ရှိကျောင်းမှာ အိမ်နဲ့ဝေးလွန်သဖြင့် ကျောင်းကားနဲ့ သွားလာနေရပြီး လာမည့်နှစ်တွင် အိမ်အနီးနားမှာရှိတဲ့ အလယ်တန်းကျောင်းမှာ ပြောင်းတက်ရန် စီစဉ်ထားကြောင်း မိဘများက ဝမ်းနည်းစွာပြောကြားခဲ့ပါတယ်။
 
 
 
ယခုလို မတော်တဆမှုဖြစ်ကာ သေဆုံးရမှုအပေါ် သက်ဆိုင်ရာက ဆက်လက်စစ်ဆေးမှုအခြေအနေကိုတော့ ရှင်းလင်းစွာ မသိရှိရသေးကြောင်း မလေးသတင်းဌါန Sinar Harian မှာ ဖော်ပြထားပါတယ်။
 


Follow us on