1. Home
  2. International News

ဘုန်းတော်ကြီး ဒလိုင်းလားမား၏ မွေးနေ့ပွဲ ကျင်းပခွင့်ကို နီပေါလ်အစိုးရတားမြစ်

International News ก.ค. 08, 2562 view 1,833
တိဘက်ဒေသ ဗုဒ္ဓဘာသာဘန်းတော်ကြီး ဒလိုင်းလားမား ၏ သက်တော် ၈၄ နှစ်ပြည့် မွေးနေ့ကို  သူ၏နောက်လိုက်နောက်ပါ တိဘက်သားများက စုပေါင်းကျင်းပမည့် အခမ်းနားများအား နိုင်ငံတော်၏ လုံခြုံရေးကို အကြောင်းပြကာ ကျင်းပပြုလုပ်ခွင့်ကို နီပေါ်လ်အစိုးရမှ ပိတ်ပင်ခဲ့သည်။
 
ဇူလိုင်လ ၆ ရက် ပြီးခဲ့တဲ့ စနေနေ့က ကျရောက်ခဲ့တဲ့ ဘုန်းတော်ကြီး ဒလိုင်းလားမား ၏ မွေးနေ့အထိမ်းအမှတ်ကို နီပေါလ်နိုင်ငံရောက် တိဘက်လူမှုအသိုင်းအဝိုင်းက ကျင်းပရန် တင်ပြထားခဲ့ရာ နီပေါလ်အစိုးရက ပယ်ချခဲ့ကြောင်း အစိုးရရုံးမှ တနင်္ဂနွေနေ့က ထုတ်ပြန်ခဲ့သည်။
 
ဟိမဝန္တာတောင်တန်းဒေသတစ်လျှောက် အိမ်ခြေပေါင်း ၂၀,၀၀၀ ခန့်ရှိတဲ့ တိဘက်ဒေသကို ဘုန်းတော်ကြီး ဒလိုင်းလားမား သြဇာသက်ရောက်ခဲ့ပြီးနောက် တရုတ်အစိုးရက သူ့အား အန္တရာယ်ရှိ ခွဲထွက်ရေးသမားအဖြစ် သတ်မှတ်ခဲ့ပါတယ်။
 
၁၉၅၀ ခုနှစ်လောက်တုန်းက တရုတ်စစ်တပ်တွေကို တိဘက်မှာရှိတဲ့ တောင်းတန်းဒေသနဲ့ ဝေးလံသီခေါင်တဲ့ နေရတွေထိစေလွှတ်ပြီး ငြိမ်းချမ်းလွပ်လပ်စွာ ပေါင်းစည်းရေး ခေါင်းစဉ်နဲ့ တင်းကျပ်စွာချုပ်ကိုင်ခဲ့ပါတယ်။ 
ဒလိုင်းလားမားက တရုတ်တို့ရဲ့ ဥပဒေတွေကို ဆန့်ကျင်တွန်းလှန်သူဖြစ်လာခဲ့ပြီး ၁၉၅၉ ခုနှစ်အစောပိုင်းမှာ နိုင်ငံရေးခိုလှုံသူအဖြစ် အိန္ဒိယကို ထွက်ပြေးခဲ့ပါတယ်။
 
တရုတ်နဲ့ အိန္ဒိယ နှစ်နိုင်ငံကြားမှာရှိတဲ့ နီပေါလ်နိုင်ငံဟာ ကမ္ဘာ့အဆင်းရဲဆုံး ၁၀ နိုင်ငံထဲမှာပါဝင်ပြီး တရုတ်နိုင်ငံက အထောက်ပံ့မှုများ၊ အခြေခံအဆောက်အဦးများကို မကြာခဏကူညီ ပေးနေတဲ့နိုင်ငံလည်းဖြစ်ပါတယ်။ 
ဒလိုင်းလားမားရဲ့ မွေးနေ့ပွဲမှာ ပြသနာတွေမျိုးစုံဖြစ်နိုင်တာကြောင့် နီပေါလ်ရောက် တိဘက်လူမျိုးတွေအနေနဲ့ အထိမ်းအမှတ်ပွဲ လုပ်ခွင့်မပြုသလို မြို့တော် Kathmandu ရဲ့ လေဆိပ်ကနေ ဝင်ရာက်လာတဲ့ အမေရိကန်နိုင်ငံသား တိဘက်လူမျိုးတွေကိုလည်း နိုင်ငံတွင်းသို့ ဝင်ခွင့်မပြုရန် အစိုးရဘက်မှ ညွှန်ထားထားခဲ့ကြောင်း သိရသည်။
 
တရုတ်တို့ရဲ့ ဖိအားကြောင့် နီပေါလ်နိုင်ငံဘက်ကို နယ်စပ်ကနေ စီးဝင်လာမယ့် လူတွေရဲ့ပြဿနာကို နီပေါလ်အနေနဲ့ ပြင်းပြင်ထန်ထန် ရင်တိုင်နေရတယ်လို့ လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့များက ပြောကြားသည်။


Follow us on