ဇူလိုင်လ ၈ ရက်နေ့ နံနက်ပိုင်းက အင်္ဂလန်နိုင်ငံ လန်ဒန်မြို့လည်တွင် ရှိသော The Shard အဆောက်အဦးကို လူစွန့်စားတစ်ဦးက မည်သည့်ကရိယာမျှ မပါရှိပဲ လက်ချည်းသက်သက် တွဘ်တက်နေတာကို တွေ့ခဲ့ရပါတယ်။
အမြင့်ပေ ၁၀၁၇ ရှိပြီး ၉၅ ထပ်ပါ The Shard အဆောက်အဦးဟာ ဥရောပမှာ အမြင့်ဆုံး အဆောက်အဦးဖြစ်ပါတယ်။ တိုက်ရဲ့ ထိပ်ဆုံးနားကို ရောက်လုနေပြီဖြစ်တဲ့ လူစွန့်စားကို ယနေ့နံနက်စောစော ၅ နာရီ ၁၅ မိနစ်အချိန်ခန့်မှာ စတင်တွေ့ရှိခဲ့တာဖြစ်ပါတယ်။
ရဲကားတွေ မီးသတ်ယာဉ်တွေနဲ့ ဒရုန်းတွေ The Shard အဆောက်အဦးနားကို ချက်ခြင်းရောက်လာခဲ့ကြပါတယ်။ နောက်ဆုံးမှာတော့ လူစွန့်စားဟာ တိုက်ရဲ့ ထိပ်ဆုံးကို ရောက်သွားခဲ့ပြီး ရဲတွေနဲ့ ထိပ်တိုက်တွေ့ပြီး ညှိနှိုင်းပြောဆိုနေခဲ့ပါတယ်။
The Shard အဆောက်အဦးကို ၂၀၀၉ ခုနှစ် မတ်လက တည်ဆောက်ခဲ့ပြီး ၂၀၁၂ မှာ ပြီးဆီးခဲ့ပါတယ်။ ယူကေမှာ အမြင့်ဆုံးအဆောက်အဦးဖြစ်လာပြီး တိုက်ပေါ်ကနေ မိုင်၅၀ ပတ်လည် ရှုခင်းကို မြင်တွေ့နိုင်ပါတယ်။
ယနေ့ The Shard ပေါ်ကို တွယ်တက်ခဲ့သူဟာ ပထမဦးဆုံးတော့ မဟုတ်ပါဘူး ၂၀၁၇ ခုနှစ်ကလည်း ယူကျူ့စတန်းမန်း CassOnline က တိုက်ရဲ့ထိပ်ဖျားထိရောက်အောင် တွယ်တက်ခဲ့တဲ့ ရုပ်သံကို တင်ထားခဲ့ဖူးပါတယ်။