1. Home
  2. Myanmar’s Got Talent

မျက်လှည့်ဆိုရင် ရိုးနေပါပြီဆိုတဲ့ ဒိုင်တွေကို အံ့သြသွားစေတဲ့ “V-Scorpions”

Myanmar’s Got Talent ก.ค. 08, 2562 view 2,032
တစ်ပတ်ပြီးတစ်ပတ် ထူးခြားတဲ့ မြန်မာလူစွမ်းကောင်းတွေ ထွက်ပေါ်လာနေတဲ့ Myanmar’s Got Talent အစီစဉ်မှာ မနေ့ညက ပြိုင်ပွဲဝင် “V Scorpion” ရဲ့ ပြကွက်က ပရိသတ်တွေနဲ့ ဒိုင်တွေကို တုန်လှုပ်ခြောက်ခြားသွားစေခဲ့ပါတယ်။
 
နှစ်စဉ်နှစ်တိုင်းလိုလို မျက်လှည့်အစွမ်းအမျိုးမျိုးနဲ့ ပြိုင်ပွဲဝင်တွေ တဖွဲဖွဲ ပါဝင်ယှဉ်ပြိုင်ခဲ့တာကြောင့် Myanmar’s Got Talent ရဲ့ ဒိုင်လူကြီးတွေတောင် မျက်လှည့်ပညာကို အတော်လေး တီးမိခေါက်မိ ရှိနေကြပါပြီ။
 
ဒါကြောင့် ဦးသီ က V Scorpion စင်ပေါ်တက်လာပြီး မျက်လှည့်ပြမယ်လို့ ပြောတဲ့အခါ မျက်လှည့်ဆိုရင် ရိုးနေပြီ ရင်မခုန်တော့ဘူးဆိုတဲ့ သဘောနဲ့ ပြောတာကို တွေ့လိုက်ရပါတယ်။ 
ဒါပေမယ့် တစ်ကယ်တမ်း V Scorpion ရဲ့ မျက်လှည့်ပြကွက်ကို နီးနီးကပ်ကပ် မျက်ဝါးထင်ထင်တွေ့ မြင်လိုက်ရတဲ့အခါမှာတော့ ဒိုင်လေးဦးစလုံးနဲ့ ပရိသတ်တွေရဲ့ ထိတ်လန့်တကြား အော်သံက စတူဒီယို ခန်းမကြီးတစ်ခုလုံး သောသောညံသွားခဲ့ပါတယ်။
 
 
“V Scorpion” က ဒိုင်လေးဦးစလုံးရဲ့ Four “YES” နဲ့အတူ နောက်တစ်ဆင့်ကို တက်လှမ်းသွားနိုင်ခဲ့ပါတယ်။ နောက်တစ်ဆင့်မှာ “V Scorpion” တစ်ယောက် ဘာတွေ အထူးအဆန်းလုပ်ပြဦးမလဲဆိုတာ အပတ်စဉ် တနင်္ဂနွေနေ့ည ၉ နာရီ MRTV 4 ရုပ်သံလိုင်းကနေ စောင့်ကြည့်ရပါဦးမယ်။
 


Follow us on