1. Home
  2. International News

တရုတ်တွင် အားကစားရုံပြိုကျပြီး အလုပ်သမား ၃ ဦးသေ၊ ၃ ဦး ဒဏ်ရာရ

International News ก.ค. 09, 2562 view 1,466
တရုတ်နိုင်ငံတောင်ပိုင်း ရှန်ကျန်းပြည်နယ်ရှိ အားကစားရုံဟောင်းတစ်ခုအား ဇူလိုင်လ ၈ ရက် တနင်္လာနေ့က အဆင့်မြှင့်တင်တည်ဆောက်ရန် ပြန်လည်ဖြိုချစဉ် ရုတ်တရက်ပြိုကျခဲ့သည့်အတွက် အလုပ်သမား ၃ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာရရှိခဲ့သည်။
 
နံနက် ၁၁ နာရီ ၄၀ မိနစ်အချိန်တွင် အားကစားရုံပြိုလဲကျခဲ့ပြီး အလုပ်သမားများပေါ်သို့ ပိကျခဲ့သည်။ မွန်းလွဲ ၁၂ နာရီခွဲအချိန်တွင် အလုပ်သမား ၂ ဦးကို ပြန်လည်ကယ်တင်နိုင်ခဲ့ပြီး ဆေးရုံသို့ပို့ပေးခဲ့ကြသည်။ သူတို့နှစ်ဦးထဲက အသက် ၅၀ နှစ်အရွယ် “ဝမ်း” ဆိုသူ အမျိုးသားကြီးမှာ ဆေးရုံတွင် သေဆုံးသွားခဲ့သည်။
 
 
နောက်ထပ် အလုပ်သမား ၂ ဦး အပြိုအပျက်ဆီးပုံများအောက်တွင် ညပ်နေခဲ့ပြီး ညနေ ၄ နာရီ ၅၀ မိနစ်အချိန်မှ ပြန်လည် ကယ်တင်နိုင်ခဲ့ကာ ဆေးရုံသို့ ပို့ဆောင်ပေးခဲ့သည်။ သို့သော် ကယ်တင်နိုင်ခဲ့သော အလုပ်သမားသုံးဦးအနက် နှစ်ဦးမှာ ဆေးရုံပေါ်တွင် သေဆုံးသွားခဲ့သည်။
 
ပြိုကျခဲ့သည့် အားကစားအဆောက်အဦးမှာ ယခင်က ဘတ်စကတ်ဘောကစားရုံဟောင်းဖြစ်ခဲ့ပြီး အတွင်းပိုင်းများ ပျက်ဆီးယိုယွင်းနေသဖြင့် ပြန်လည် ပြုပြင်ရန် လုပ်ဆောင်ကြစဉ် ပြိုကျခဲ့ခြင်းဖြစ်သည်။ ယခုလို ရုတ်တရက်ပြိုကျခဲ့ရတဲ့ အကြောင်းရင်းကို စုံစမ်းစစ်ဆေးသွားမည်ဟု ပြည်နယ်အစိုးရက ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။
 
 
အားကစားရုံမှာ ၁၉၈၅ ခုနှစ်ထဲက တည်ဆောက်ခဲ့တာကြောင့် ပြန်လည်ပြုပြင်ရန် လိုအပ်သည့်အတွက် ရှန်ကျန်းပြည်နယ်အစိုးရ၏ ရံပုံငွေနဲ့ ပြုပြင်တည်ဆောက်ရေးလုပ်ငန်းများကို လုပ်ဆောင်မည်ဟု ၂၀၁၈ ခုနှစ် ဇွန် ၂၂ ရက်နေ့မှာ ကြေညာခဲ့တာဖြစ်ပါတယ်။
 
အစိုးရအနေနဲ့ အားကစားရုံ အဆင့်မြှင့်တင် ပြုပြင်တည်ဆောက်ရေး လုပ်ငန်းများကို နောက်နှစ် ဇွန်လ ၃၀ ရက်နေ့မှာ အဆုံးသတ်နိုင်မယ်လို့ မျှော်လင့်ထားခဲ့ကြပါတယ်။


Follow us on