1. Home
  2. International News

ခရီးသည်တင်လေယာဉ်နှစ်စင်းတိုက်မိပြီး ပျက်ကျခဲ့သည့် ထိတ်လန့်စရာ ရုပ်သံ ထွက်ပေါ်

International News ก.ค. 10, 2562 view 1,530
ဥရောပတိုက်တွင် အမြင့်ဆုံးနဲ့ အရှည်လျားဆုံး Alps တောင်တန်းကြီးပေါ်တွင် ခရီးသည်တင်လေယာဉ်အသေးစားနဲ့ ဟယ်လီကော်ပတာ(ရဟတ်ယာဉ်) တို့ တိုက်မိခဲ့ပြီးနောက် ပျက်ကျခဲ့တဲ့ တုန်လှုပ်ခြောက်ခြားစရာ ရုပ်သံကို အီတလီတောင်တက်ကယ်ဆယ်ရေးအဖွဲ့ Soccorso Alpino က ဇူလိုင်လ ၉ ရက်နေ့မှာ ထုတ်ပြန်ပြသလိုက်ပါတယ်။
 
ရုပ်သံမှာ ဗီဒီယိုကလစ် နှစ်ခုပါရှိပြီး လေယာဉ်နှစ်စီးလုံးပေါ်မှ ရိုက်ကူးမိထားခြင်းဖြစ်ပြီး လေယာဉ်ပျက်ကျတဲ့ ဖြစ်စဉ်အစအဆုံးပါရှိတာကြောင့် ကြည့်ရှုသူတွေကိုယ်တိုင် လေယာဉ်ပျက်ကျမှုမှာ ပါသွားသလို တုန်လှုပ်ခြောက်ခြားစေပါတယ်။
 
 
ဒီဖြစ်စဉ်ဟာ ယခုနှစ် ဇန်နဝါရီ ၂၅ ရက်နေ့က အီတလီနိုင်ငံ နယ်နိမိတ်ထဲက Alps တောင်တန်းကြီးပေါ်မှာ ဖြစ်ပွားခဲ့တာပါ။ အီတလီနိုင်ငံ အနောက်မြောက်ပိုင်း Aosta Valley ရှိ နှင်းလျောစီးအပမ်းဖြေစခန်း La Thuile နဲ့ အနီးမှာ မမျှော်လင့်ပဲ လေယာဉ်နှစ်စင်း တိုက်မိပြီး ပျက်ကျခဲ့တာဖြစ်ပါတယ်။
 
 
ပြင်သစ်နိုင်ငံလုပ် လေးယောက်စီး Jodel အမျိုးအစား လေယာဉ်ငယ်ဟာ အီတလီလေပိုင်နက်ထဲကို အကြောင်းကြားမှု တစ်စုံတစ်ရာမရှိပဲ ဖြတ်ကျော်ပျံသန်းလာစဉ် နှင်းလျှောစီးစခန်းက ပျံတက်လာတဲ့ ဟယ်လီကော်ပတာနဲ့ မမျှော်လင့်ပဲ တင်တိုက်မိကြတာဖြစ်ကြောင်း အီတလီ RAI ရေဒီယိုဆက်သွယ်ရေးမှ ပြောကြားကြောင်း ရဲအရာရှိက ဆိုပါတယ်။
 
 
လေယာဉ်မတော်တဆမှုဖြစ်ပွားကြောင်း သတင်းရရှိတာနဲ့ ချက်ခြင်း ကယ်ဆယ်ရေးအဖွဲ့ကို စေလွှတ်ခဲ့ပါတယ်။ လေယာဉ်နှစ်စင်းဟာ မနီးမဝေးမှာ ပျက်ကျနေပြီး လူ ၅ ဦးသေဆုံးကြောင်း ကယ်ဆယ်ရေးအဖွဲ့က အကြောင်းကြားခဲ့ပါတယ်။ ဒါပေမယ့် နောက်တစ်နေ့မှာ နောက်ထပ် သေဆုံးသူ အလောင်း နှစ်လောင်း ထပ်မံတွေ့ရှိခဲ့တာကြောင့် စုစုပေါင်း လူ ၇ ဦး သေဆုံးခဲ့ပါတယ်။
 
 
လေယာဉ်တိုက်မှုမှ ၂ ဦး အသက်ရှင်ကျန်နေတာကိုတွေ့ရပြီး တစ်ဦးမှာ အသေးစာလေယာဉ်မှ လေယာဉ်မှူး Philippe Michel နှင့် ဟယ်လီကော်ပတာပေါ်မှ ဂျာမန်လူမျိုး ခရီးသည် တစ်ဦးတို့ဖြစ်ပြီး သူတို့နှစ်ဦးကို ဆေးရုံသို့ တင်ပို့ခဲ့ပါတယ်။ သေဆုံးသူများမှာ ပြင်သစ်၊ ဆွစ်ဇာလန်၊ အီတလီ နဲ့ ဘယ်လီဂျီယံနိုင်ငံသားများ ပါဝင်ကြောင်း သိရှိရသည်။
 


Follow us on