1. Home
  2. International News

၃ နှစ်သားလေးကို သေနတ်ကျည်ဆံထည့်နည်း သင်ပေးတဲ့ ဖခင်ရုပ်သံပျံ့နှံ့

International News ก.ค. 15, 2562 view 1,484
အိန္ဒိယနိုင်ငံက ကျောင်းဆရာတစ်ဦးဟာ သူ့ရဲ့သားဖြစ်တဲ့ ၃ နှစ်အရွယ်ကလေးငယ်ကို ပစ္စတိုသေနတ်(အစစ်) လက်ထဲထည့်ကာ ကျည်ကပ်အိမ်ထဲ ဘယ်လို ကျည်ဖြည့်ရမလဲဆိုတာ တစ်ဆင့်ခြင်း သင်ပေးနေတဲ့ရုပ်သံ အွန်လိုင်းမှာ ပျံ့နှံ့ခဲ့ပြီး ဝေဖန်မှုတွေ ပြင်းထန်ခဲ့တာကြောင့် သက်ဆိုင်ရာရဲ့ စစ်ဆေးမေးမြန်းခြင်းခံနေရပါတယ်။
 
ဇူလိုင်လ ၁၂ ရက်နေ့က ပျံ့နှံ့ခဲ့တဲ့ ရုပ်သံထဲမှာ ကျည်ဆံဘယ်လို ထည့်ရတယ်ဆိုတာကို သင်ပေးနေရုံသာမက ကျည်ဆံအပြည့်ဖြည့်ပြီးသား ပစ္စတိုသေနတ်ရဲ့ ပြောင်းဝဟာ ကလေးရဲ့ မျက်နှာ တည့်တည့်မှာ ရှိနေတာကြောင့် ရုပ်သံကြည့်သူတွေက သူ့ရဲ့ မဆင်မခြင်လုပ်ရပ်အတွက် ဒေါသထွက်ခဲ့ကြတာပါ။
 
ရဲတွေရဲ့ စစ်ဆေးချက်အရ အမျိုးသားဟာ မဟာရက်ရှ်ထရာ ပြည်နယ်မှာ ဆင်းရဲနွမ်းပါးတဲ့ ကလေးတွေကို စာသင်ပေးနေတဲ့ ကျောင်းဆရာတစ်ယောက်ဖြစ်ပြီး သေနတ်ဟာလည်း လိုင်စင်နဲ့ တရားဝင်ကိုင်ဆောင်ထားတဲ့ သေနတ်ဖြစ်ကြောင်း ရဲအရာရှိ B Pandhare က ပြောဆိုခဲ့ပါတယ်။
 
 
သူ့ရဲ့ကလေးက စပ်စုပြီးမေးမြန်တာကြောင့် သင်ပေးခဲ့ရတာဖြစ်ပြီး သေနတ်ကိုလည်း ဘေးကင်းလုံခြုံတဲ့ ခလုတ်နှိပ်ထားတယ်လို့ ရဲတွေကို ဖြေကြားခဲ့ပါတယ်။ အဆိုပါ ရုပ်သံကို ဝေဖန်မှုတွေ မြင့်တက်ခဲ့တာကြောင့် သူကိုယ်တိုင် ရုပ်သံနဲ့ ထပ်မံတောင်းပန်ခဲ့တာကိုလည်း တွေ့ရပါတယ်။ ရဲတွေအနေနဲ့ ထပ်မံစုံစမ်းမေးမြန်းမှုတွေ လုပ်သွားမှာဖြစ်ကြောင်း သိရှိရသည်။
 


Follow us on