1. Home
  2. International News

မိသားစု နံနက်စာစားနေစဉ် နေအိမ်ပေါ်သို့ လေယာဉ်ပျက်ကျမှုဖြစ်ပွား

International News ก.ค. 17, 2562 view 1,588
မိသားစုတစ်စု နံနက်စာစားနေချိန်တွင် လေယာဉ်တစ်စီး နေအိမ်တည့်တည့်သို့ ပျက်ကျကာ အိမ်ထဲအထိ ထိုးစိုက်ဝင်ခဲ့မှုကြောင့် အမျိုးသမီးတစ်ဦးနဲ့ ကလေး နှစ်ဦးတို့အား ဆေးရုံသို့ အမြန်တင်ပို့ခဲ့ရတဲ့ ဖြစ်စဉ်တစ်ခု ရုရှားနိုင်ငံ ချက်ညှာဒေသမှာ ဖြစ်ပွားခဲ့ပါတယ်။
 
 
Antonov-2 အပျော်စီးလေယာဉ်ငယ်ဟာ ပျံသန်းနေစဉ် စက်ရပ်သွားပြီး လူနေအိမ်ပေါ်ကို ပျက်ကျခဲ့တာဖြစ်ပါတယ်။ ရုပ်သံနဲ့ ဓါတ်ပုံတွေအရ လေယာဉ်တစ်စင်းလုံး နေအိမ်ထဲသို့ ဝင်နေပြီး နေအိမ်တစ်ခုလုံး ပျက်ဆီးသွားတာကို တွေ့ရပါတယ်။ မိသားစုတွေကတော့ ထူးဆန်းစွာ အသက်ဘေးကနေ လွတ်မြောက်ခဲ့ပေမယ့် ထိတ်လန့်မှုကြီးစွာရပြီး စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုကြောင့် ဆေးရုံတင်ထားရပါတယ်။
 
 
 
 
အသက် ၆၆ နှစ်အရွယ် လေယာဉ်မှူးဟာ လည်ပင်းရိုးကျိုးသွားခဲ့ပြီး ပျံသန်းနေစဉ် ရုတ်တရက် စက်သေသွားတာကြောင့် ပျက်ကျခဲ့ရတယ်လို့ ကယ်ဆယ်ရေးအဖွဲ့ကို ပြောပါတယ်။ လေယာဉ်ပျက်ကျမှုကြောင့် မီးလောင်မှု မဖြစ်ပွားခဲ့ပေမယ့် လျှပ်စစ်ဓာတ်ကြိုးများ ပျက်ဆီးခဲ့ပြီး ရွာ သုံးရွာခန့် လျှပ်စစ်မီးပြတ်တောက်မှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။


Follow us on