1. Home
  2. International News

မြေသယ်ကားပိကျရာ လူ ၄ ဦးသေဆုံးပြီး ကလေးတစ်ဦးအသက်ရှင် (ရုပ်သံ)

International News ส.ค. 02, 2562 view 1,671
မြေကြီးများတင်ဆောင်လာသော မြေသယ်ကားကြီး မတော်တဆ တုံးလုံးလဲကျရာမှ နံဘေးတွင် ကပ်လျှက်မောင်းနှင်လာသော SUV အမျိုးအစား ကားအဖြူရောင်ပေါ်သို့ ပိကျခဲ့မှု သြဂုတ်လ ၁ ရက် (မနေ့)က နံနက် ၅ နာရီခွဲအချိန်က အင်ဒိုနီးရှားနိုင်ငံ ဘန်တန်တွင် ဖြစ်ပွားခဲ့ပါတယ်။
 
မြေကြီးကားပိမှုကြောင့် SUV ကားပေါ်လာသူ မိသားစု ၄ ဦး သေဆုံးခဲ့ပြီး ထူးဆန်းစွာဖြင့် အသက် ၁၁ လအရွယ် ကလေးငယ်လေး အသက်မသေပဲ ဒဏ်ရာများသာ ရရှိခဲ့သဖြင့် ဆေးရုံသို့ ပိုင်ဆောင်ပေးခဲ့ရပါတယ်။
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 

A post shared by JAKARTA INFO (@jktinfo) on

 
မျက်မြင်သက်သေတွေရဲ့ အဆိုအရ ကလေးရဲ့မိခင် ‘ဖတ်မာဝါတီ’ ဆိုသူဟာ ကားရဲ့နောက်ခန်းထဲမှာ ကလေးနဲ့အတူ ထိုင်နေခဲ့တာကြောင့် မြေသယ်ကားပိမိချိန်တွင် သူမရဲ့ ခန္ဓာကိုယ်က ကလေးပေါ်ကနေ အုပ်မိုးကာ ကာကွယ်လိုက်သလို ဖြစ်သွားပြီး ကလေးအသက်ရှင်ခဲ့တာလို့ ဆိုပါတယ်။
 
မြေသယ်ကားကြီးဟာ Pinangsia မြို့ကနေ Tangerang မြို့ကို မောင်းနှင်လာစဉ် တိမ်းစောင်းခဲ့ပြီးနောက် ဘေးနားမှာ ယှဉ်တွဲမောင်းလျှက်သားပါလာတဲ့ SUV ပေါ်ကို ပိကျခဲ့တာဖြစ်ပါတယ်။
ကလေးငယ်ကိုတော့ ကားပြတင်းပေါက်ကနေ ကယ်ထုတ်နိုင်ခဲ့ပါတယ်။
 
ယာဉ်မောင်းဟာ ဖြစ်စဉ်ကြောင့် ဒေါသထွက်နေတဲ့ လူအုပ်ကြီးကို ကြောက်လန့်ပြီး ထွက်ပြေးသွားခဲ့ပေမယ့် မကြာခင်မှာ ကိုယ်တိုင်လာရောက် အဖမ်းခံခဲ့ပါတယ်။ ဖြစ်စဉ်ကို မေးမြန်စစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရှိရသည်။


Follow us on