1. Home
  2. International News

မိုးပျံဘုတ်ပြားဖြင့် ရေလက်ကြားကိုဖြတ်ကျော်ရန် ကြိုးစားသူ (ရုပ်သံ)

International News ส.ค. 05, 2562 view 1,667
စပိုက်ဒါမန်းရုပ်ရှင်ဇာတ်ကားထဲကလို ရေလွှာလျောစီး စကိတ်ဘုတ်ပြားနဲ့ လေပေါ်မှာပျံဝဲနိုင်တဲ့ မိုးပျံဘုတ်ပြားတစ်ခုကို ပြင်သစ်လူမျိုး Franky Zapata က တီထွင်နိုင်ခဲ့ပါတယ်။ အဆိုပါမိုးပျံဘုတ်ပြားကို စီးကား အင်္ဂလိပ်ရေလက်ကြားကို ဖြတ်သန်းရန် ပထမအကြိမ် ကြိုးစားစဉ် လမ်းတစ်ဝက်မှာ ပြုတ်ကျခဲ့ပြီး ကယ်ဆယ်ခဲ့ရပါတယ်။
 
 
၂၂.၄ မိုင် အကွာအဝေးရှိတဲ့ ရေလက်ကြားကို ဖြတ်သန်းစဉ် လမ်းတစ်ဝက် ၁၂ မိုင်ခန့်၌ လောင်စာဖြည့်တင်းရန် အသင့်ပြင်ဆင်နေသော သင်္ဘောငယ်ပေါ်သို့ ဆင်းသက်ခဲ့ရာမှာ မအောင်မြင်ပဲ ရေထဲပြုတ်ကျခဲ့တာကြောင့် ပြန်လည်ကယ်ဆယ်ခဲ့ရပါတယ်။
ဒုတိယအကြိမ် ထပ်မံကြိုးစားဖို့ ပြင်ဆင်နေပြီး ဒီတစ်ကြိမ်မှာတော့ ဆင်းသက်ရလွယ်ကူအောင် ပိုပြီးကြီးတဲ့ ဘုတ်ပြားကို တီထွင်အသုံးပြုသွားမှာဖြစ်တယ်လို့ Franky Zapata ရဲ့ ဇနီးဖြစ်သူ Christele က ပြောပါတယ်။
 
 
“နောက်တစ်ကြိမ် မအောင်မမြင်ဖြစ်တာကို Zapata အနေနဲ့ မလိုလားဘူး” လို့ သူ့ရဲ့ ကိုယ်ရေးအရာရှိက ပြောပါတယ်။ Franky Zapata ဟာ စစ်မှုထမ်းဟောင်းတစ်ဦးဖြစ်ပြီး ဂျက်စကီး ချံပီယံဟောင်းလဲဖြစ်ပါတယ်။ ရေလွှာလျောစီးအားကစားအတွက် ဘုတ်ပြားတွေ ထုတ်လုပ်ရောင်းချပေးတဲ့ ကုမ္ပဏီပိုင်ရှင်လည်းဖြစ်ပါတယ်။
 
 
Franky Zapata ဟာ မည်သူတစ်စုံတစ်ယောက်ရဲ့ အထောက်အပံ့မှ မပါပဲ ရေလက်ကြားကို မိုးပေါ်ကနေပျံသန်းပြီး ဖြတ်ကျော်နိုင်တဲ့ ပထမဦးဆုံးသောသူဖြစ်ဖို့ ကြိုးစားနေတာဖြစ်ပါတယ်။ ဘုတ်ပြားမှာ ဂျက်အင်ဂျင်အသေးစား ၅ လုံးတပ်ဆင်ထားပြီး လည်ပတ်ဖို့အတွက် လိုအပ်တဲ့ လောင်စာဆီကိုတော့ သူ့ရဲ့ကျောပိုးအိတ်ထဲမှာ ထည့်ထားပါတယ်။ ဒါပေမယ့် လောင်စာက ၄၂ လီတာသာ ဝင်ဆံ့တာကြောင့် ရေလက်ကြားကို ဖြတ်ကျော်ဖို့ဆိုရင် ဒီထက်ပိုပြီး လိုအပ်မှာဖြစ်ပါတယ်။
အဲဒီအတွက် လမ်းတစ်ဝက်မှာ လောင်စာဖြည့်တင်းဖို့ သူဆင်းသက်ရမယ့် နေရာတစ်ခု ပြုလုပ်ထားပြီး ၂ မိနစ်လောက် ဆင်းသက်ပြီး လောင်စာဖြည့်ကာ ခရီးဆက်မှာဖြစ်ပါတယ်။
 
 
ဒီခရီးစဉ်အောင်မြင်ဖို့ သူ့အတွက် အခွင့်အရေး ၅၀% သာရှိပေမယ့် သူတီထွင်ထားတဲ့ နည်းပညာကိုတော့ အပြည့်အဝယုံကြည်တယ်လို့  Zapata က SkyNews ကို ပြောကြားခဲ့ပါတယ်။
 
 


Follow us on