1. Home
  2. International News

ဟိုင်းဝေးလမ်းမပေါ် လေယာဉ်ငယ်တစ်စီး အရေးပေါ်ဆင်းသက် (ရုပ်သံ)

International News ส.ค. 05, 2562 view 1,608
သြဂုတ်လ ၁ ရက်နေ့က အမေရိကန်နိုင်ငံ ဝါရှင်တန်ပြည်နယ်၏ ကားအသွားအလာထူထပ်သည့် ဟိုက်ဝေးလမ်းမပေါ်သို့ အရှိန်ပြင်းစွာ အရေးပေါ်ဆင်းသက်လာသော လေယာဉ်ငယ်တစ်စီး ကင်းလှည့်ရဲကားနဲ့ တည့်တည့်တိုးခဲ့ပါတယ်။
 
 
ရဲကားကင်မရာမှ မှတ်တမ်းအရ လေယာဉ်ငယ်ဟာ ဆီရယ်တဲလ်မြို့ တောင်ဘက် မိုင် ၄၀ အကွာ အမှတ် ၇ လမ်းကြောင်း အဝေးပြေးလမ်းမပေါ်သို့ သြဂုတ်လ ၁ ရက်နေ့ နံနက်ပိုင်းက မျက်နှာချင်းဆိုင်ကနေ ဆင်းသက်လာတာကိုတွေ့ရပါတယ်။ ရဲကားက ချက်ခြင်း နောက်ပြန်လှည့်ပြီး လေယာဉ်နောက်ကို လိုက်သွားခဲ့ပါတယ်။
 
 
ထိုအချိန်က ကားအသွားအလာများတဲ့ အချိန်ဖြစ်ပေမယ့် ကံကောင်းထောက်မစွာနဲ့ လေယာဉ်ဆင်းလာချိန်မှာ ယာဉ်ကြော အနည်းငယ်ရှင်းနေခဲ့တာကြောင့် ထိခိုက်မှုမရှိပဲ ဘေးကင်းစွာနဲ့ ဆင်သက်ပြီး မီးပွိုင့်တစ်ခုအရောက်မှာ ရပ်တန့်နိုင်ခဲ့ပါတယ်။
 
 
လေယာဉ်ဟာ လောင်စာဆီကန် ပြဿနာကြောင့် အရေးပေါ် ဆင်းသက်ခဲ့ရကြောင်း ရဲတွေက ထုတ်ပြန်ခဲ့ပါတယ်။ လေယာဉ်ငယ်ကို ကားလမ်းမရဲ့ ဘေးလွတ်ရာသို့ ရွေ့ပြောင်းပေးနိုင်ခဲ့ပါတယ်။
 


Follow us on