1. Home
  2. International News

မိန်းခလေးယောင်ဆောင်ပြီး ထောင်မှထွက်ပြေးရန် ကြိုးစားသူ အချုပ်ခန်းတွင်း သေဆုံး

International News ส.ค. 07, 2562 view 1,870
ဘရာဇီးနိုင်ငံက မူယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုဖြင့် ထောင် ၇၃ နှစ်ကျခံနေရသော မူးယစ်ရာဇာကြီးဟာ ထောင်ဝင်စာလာတွေ့သော သူ့ရဲ့သမီးအဖြစ် ဟန်ဆောင်ကာ ထောင်ကနေ ထွက်ပြေးရန် ကြိုးစားခဲ့ပြီး ၃ ရက်အကြာ သြဂုတ်လ ၆ ရက်နေ့က သူ့ရဲ့အချုပ်ခန်းထဲမှာ သေဆုံးသွားကြောင်း ထောင်အာဏာပိုင်တွေက သတင်းထုတ်ပြန်ခဲ့ပါတယ်။
 
Clauvino da Silva အမည်ရှိတဲ့ အသက် ၄၂ နှစ်အရွယ် မူးယစ်ရာဇာဟာ အမျိုးသမီးငယ်ပုံစံ ဆီလီကွန်မျက်နှာဖုံးစွပ် တပ်ဆင်ကာ ထောင်ကနေ ခပ်တည်တည်နဲ့ ထွက်သွားဖို့ ကြိုးစားခဲ့ပေမယ့် ထောင်အစောင့်အကြပ်တွေက သိရှိသွားပြီး ပြန်လည် ဖမ်းဆီးခံခဲ့ရတဲ့ သတင်းက တကမ္ဘာလုံးက သတင်းမီဒီယာတွေရဲ့ ခေါင်းကြီးပိုင်းမှာ နေရာယူခဲ့ပါတယ်။
 
သူ့ရဲ့ အသက် ၁၉ နှစ်အရွယ် သမီးဖြစ်သူက ထောင်ဝင်စာလာတွေ့တဲ့အချိန်မှာ ပုံမှားရိုက်ပြီး ထွက်ပြေးဖို့ ကြိုးစားခဲ့ပေမယ့် မအေင်မြင်ခဲ့ပါဘူး။ ဒီကိစ္စကြောင့် သူ့ရဲ့သမီးနဲ့ အခြားထောင်ဝင်စာ လာတွေ့သူ ၇ ဦး ထိန်းသိမ်းခံထားရပါတယ်။
 
ဒီကိစ္စဖြစ်ပြီး ၃ ရက်အကြာမှာတော့ Silva ကို လုံခြုံရေး အတင်းကြပ်ဆုံး ထောင်ထဲက သူ့ရဲ့အချုပ်ခန်းထဲမှာ သေဆုံးလျှက် တွေ့ခဲ့ရပါတယ်။ အာဏာပိုင်တွေရဲ့အဆိုအရ Silva ဟာ အိပ်ယာခင်းအသုံးပြုပြီး ကိုယ့်ကိုယ်ကိုယ် ကြိုးဆွဲချ သတ်သေခဲ့တယ်လို့ သိရပါတယ်။ 
စုံစမ်းစစ်ဆေးရေးအဖွဲ့ကတော့ Silva သေဆုံးရတဲ့ အကြောင်းရင်းမှန်ကို စတင်စုံစမ်းစစ်ဆေးနေပြီဖြစ်ပါတယ်။
 
ဘရားဇီးနိုင်ငံက ထောင်တွေထဲမှာ နှစ်စဉ် ရာနဲ့ချီတဲ့ ထောင်သားတွေ သတ်ဖြတ်ခံနေရပြီး အများစုကတော့ ထောင်တွင်း ဂိုဏ်းအဖွဲ့တွေအချင်းခြင်း ပြသနာတွေကြောင့် ဖြစ်တယ်လို့ ထောင်အကြောင်း လေ့လာသူတွေက သုံးသပ်ထားပါတယ်။


Follow us on