1. Home
  2. International News

ဖုန်းအားသွင်းချာဂျာ ပေါက်ကွဲရာမှ အိမ်မီးလောင်ပြီး ၇ နှစ်သမီးလေး သေဆုံး (ရုပ်သံ)

International News ส.ค. 07, 2562 view 1,687
အိမ်ခန်းတစ်ခုလုံး မီးဟုန်းဟုန်းတောက် လောင်နေပြီး အသက် ၇ နှစ်အရွယ် သမီးလေး ထွက်လို့မရပဲ ပိတ်မိနေပြီး မီးလောင်ကျွမ်းခံနေရတဲ့ ရုပ်သံဟာ ကြည့်ရှုသူတွေအားလုံး ထိတ်လန့်ကြောက်ရွံ့ကြေကွဲခဲ့ရပါတယ်။
 
မော်ရိုကိုနိုင်ငံ ခေမီဆက်စီရင်စုမှာ ဖြစ်ပွားခဲ့တာဖြစ်တယ်လို့ မော်ရိုကိုကမ္ဘာ့သတင်းမှာ ဖော်ပြထားပါတယ်။ မိန်းကလေးရဲ့ အမည်က ‘ဟီဘာ’ ဖြစ်ပြီး အိမ်ခန်းရဲ့ ပြတင်းပေါက်နားမှာ ကစားနေစဉ် အိပ်ခန်းထဲမှာ အားသွင်းထားတဲ့ ဖုန်းချာဂျာက ထပေါက်ကွဲခဲ့ပြီးနောက် တစ်အိမ်လုံး မီးစွဲလောင်ခဲ့တာဖြစ်ပါတယ်။ 
 
ကလေးက ထွက်ပြေးဖို့ ကြိုးစားပေမယ့် ပြတင်းပေါက်က သံတိုင်တွေနဲ့ မီးတောက်တွေကြားထဲမှာ ပိတ်မိနေခဲ့တာပါ။ ဒီအဖြစ်ပျက်ကို တွေ့တဲ့အိမ်နီးချင်းတွေက မီးသတ်ကို ဖုန်းဆက်ပြီး အကြောင်းကြားခဲ့ပေမယ့် မီးသတ်ဌါနက ဖုန်းကိုင်ပြီး ဘာမှမပြောပဲ ချက်ခြင်း ပြန်ချလိုက်တယ်လို့ ဆိုပါတယ်။ ထပ်ပြီးဆက်သွယ်ပေမယ့် ဖုန်းမကိုင်တာကြောင့် အိမ်နီးခြင်းအချို့က မီးသတ်ဌါနကို ကားမောင်းပြီး ကိုယ်တိုင် လိုက်ခေါ်ရာမှာ မီးသတ်သမားတွေ အဖွဲ့လိုက် ဖဲထိုင်ရိုက်နေကြတာကို တွေ့ခဲ့တယ်လို့ ပြောပါတယ်။
 
အွန်လိုင်းပေါ်မှာ ပျံ့နှံ့ခဲ့တဲ့ ရုပ်သံမှာတော့ မီးတောက်အင်အားကြီးကြီးနဲ့ လောင်နေတဲ့ နေအိမ်ရဲ့ ပြတင်းပေါက်မှာ သံတိုင်တွေကြားက ကလေးရဲ့ခြေထောက်လေး တွဲလောင်းကျနေတာကို တွေ့ရပြီး အိမ်နီးချင်းတွေကလဲ မကယ်နိုင်ပဲ ထိတ်လန့်တကြား အော်ဟစ်နေတဲ့ အသံတွေကို မြင်တွေ့ခဲ့ရပါတယ်။ လူအချို့က အိမ်တ့ခါးတွေကို ဖျက်ဝင်ပြီး ကယ်ဖို့ ကြိုးစားခဲ့ကြပေမယ့် မအောင်မြင်ခဲ့ပါဘူး။ မီးသတ်တွေ ရောက်လာတဲ့အခါ ကလေးက မီးလောင်းခံနေရပြီး လဲကျနေပါပြီ။
 
 
မီးထိန်းနိုင်တဲ့ အခြေအနေရောက်တာနဲ့ ကလေးကို ဆေးရုံအမြန်တင်ပို့ခဲ့ပါတယ်၊ ဒါပေမယ့် သိပ်မကြာခင်မှာ ကလေးက မီးလောင်ဒဏ်ရာများနဲ့ သေဆုံးသွားပါတယ်။ ပြည်သူတွေအားလုံးက မီးသတ်ဌါနရဲ့ ပေါ့လျှော့မှုကြောင့်လို့ ဝိုင်းဝန်းအပြစ်တင် ဝေဖန်နေကြကြောင်း သိရသည်။
 


Follow us on