1. Home
  2. International News

ဓားပြတွေကို ခုခံတိုက်ခိုက်ခဲ့တဲ့ အသက် ၇၀ ကျော် အာဂ အဖိုးနဲ့အဖွား (ရုပ်သံ)

International News ส.ค. 14, 2562 view 1,621
သြဂုတ်လ ၁၂ ရက်နေ့ညက အသက် ၇၀ ကျော် အဖိုးကြီး အဖွားကြီး လင်မယားနှစ်ဦးတည်းနေထိုင်သော အိမ်ကို ဓားကိုင်ဆောင်ထားသူ အမျိုးသား ၂ ဦး ဝင်ရောက် ဓားပြတိုက်ခဲ့ရာ အဖိုးအဖွား လင်မယားက ဓားတွေနဲ့ ဝိုင်းခုတ်နေသည့်ကြားကပင် နေအိမ်ရှိ ကုလားထိုင်၊ စားပွဲတို့ဖြင့် ပြန်လည်ခုခံခဲ့သဖြင့် ဓားပြများ လက်လျှော့ကာ ထွက်ပြေးခဲ့ကြရပါတယ်။
 
အိန္ဒိယနိုင်ငံ တမီလ်နာဒူးစီရင်စုရှိ သူတို့၏နေအိမ်တွင် တပ်ဆင်ထားသော စီစီတီဗီရုပ်သံအရ အိမ်ခြံဝင်းထဲတွင် ထိုင်၍ဖုန်းသုံးနေသော အိမ်ရှင်အဖိုးကြီးကို မျက်နှာဖုံးတပ် လူတစ်ဦးမှ နောက်ကနေ အဝတ်စတစ်ခုဖြင့် လည်ပင်းကို ရစ်ပတ်ကာ ချုပ်နှောင်ပြီး အခြားမျက်နှာဖုံးစွပ် ဓားပြနှစ်ဦးက ဓားများကိုင်လျှက် ခြံထဲဝင်လာခဲ့ပါတယ်။
 
အိမ်ပြင်မှာ ရုန်းရင်းဆန်ခတ် အသံတွေကြားရတဲ့အတွက် အိမ်ရှင်အဖွားကြီး အိမ်ထဲကနေထွက်လာကြည့်တဲ့အခါ ဓားပြတွေနဲ့ ပက်ပင်းတိုးခဲ့ပါတယ်၊ ဒါပေမယ့် အခြေအနေကို ကြောက်ရွံ့ခြင်းမရှိပဲ နီးစပ်ရာပစ္စည်းများနဲ့ ကောက်ပေါက်ခဲ့ပါတယ်။
 
ဒီအချိန်မှာ ချုပ်ခံထားရတဲ့ အဖိုးကြီးကလည်း အလွတ်ရုန်းပြီးနောက် ဓားပြတွေကို လင်မယားနှစ်ယောက် ပြန်လည်ခုခံခဲ့ကြပါတယ်။ ဓားပြတွေက ဓားတွေနဲ့ ဝင်ခုတ်ခဲ့ပြီး သူတို့ကတော့ ပလပ်စတစ်ထိုင်ခုံတွေ စားပွဲခုံတွေနဲ့ ခုခံကာကွယ်ခဲ့တာကို တွေ့ရပါတယ်။
 
 
NDTV ရဲ့ သတင်းအရ ဓားပြများအား ခုခံကာကွယ်နေစဉ် အမျိုးသမီးကြီးရဲ့ ရွှေဆွဲကြိုးဖြုတ်ယူခံခဲ့ရကြောင်း ရဲဌါနကို တိုင်ကြားထားတယ်လို့ သိရပါတယ်။ လက်ရှိမှာတော့ ဓားပြတွေကို ဖမ်းဆီးရမိခြင်း မရှိသေးပါဘူး။


Follow us on