1. Home
  2. International News

အင်ဂျင်မီးလောင်မှု့ကြောင့် ပြောင်းခင်ကြီးထဲ ထိုးဆင်းခဲ့တဲ့ ခရီးသည်တင်လေယာဉ် (ရုပ်သံ)

International News ส.ค. 15, 2562 view 1,566
ရုရှားလေကြောင်းလိုင်း Ural Airlines မှ ခရီးသည်တင်လေယာဉ်အမှတ် 321 ဟာ သြဂုတ်လ ၁၅ ရက် (ယနေ့) နံနက်ပိုင်းက မော်စကိုလေဆိပ်မှ ပျံသန်းထွက်ခွာစဉ် ရုတ်တရက် အင်ဂျင်မီးလောင်ကျွမ်းပြီး ထိန်းချုပ်စနစ်များ အလုပ်မလုက်တော့တဲ့အတွက် ပြောင်းခင်းကြီးတစ်ခုထဲကို ထိုးစိုက်ကာ အရေးပေါ်ဆက်သက်ခဲ့ရပါတယ်။
 
 
ခရီးသည် ၂၂၆ ဦးနဲ့လေယာဉ်အမှူထမ်းများအားလုံးကို အသက်အန္တရာယ်မရှိပဲ ဘေးလွတ်ရာသို့ ပြောင်းရွေ့ပေးနိုင်ခဲ့ပါတယ်။ ခရီးသည် ၂၃ ဦး ထိခိုက်ခိုက်ရာရခဲ့ပြီး အမျိုးသားတစ်ဦး လက်ကျိုးကာ ကလေးနှစ်ဦး ဦးခေါင်းထိခိုက်ကာ သတိလစ်မေ့မျောခဲ့ကြောင်း အာဏာပိုင်များက သတင်းထုတ်ပြန်ခဲ့သည်။
 
 
လေယာဉ် ပျံသန်းနေစဉ် အင်ဂျင်ထဲသို့ ငှက်ဝင်ခဲ့ရာမှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်သည်။ မျက်မြင်တွေ့ခဲ့ရသော ခရီးသည်များက လေယာဉ်အင်ဂျင်မှာ မီးပွားလေးတွေ ဖြစ်ခဲ့ပြီးနောက် မီးခိုးညှော်နံ့များရကြောင်း ပြောပြခဲ့ပါတယ်။
 
 
လေယာဉ်မှူးကြီး ကပ္ပတိန် Damir Yusupov က လေယာဉ်ကို ပြန်လှည့်ကာ လေဆိပ်မှာ အရေးပေါ်ဆင်သက်ရန် အကြောင်းကြားခဲ့ပေမယ့် အခြေအနေမဆိုးရွားစေရန် အနီးစပ်ဆုံး ပြောင်းခင်ကြီးထဲသို့ ဆင်းသက်ရန် ပြန်လည်ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပါတယ်။
လေယာဉ်ဟာ ပြောင်းခင်းထဲဆင်းသက်ပြီးတာနဲ့ လုံးဝ စက်တွေရပ်သွားခဲ့တာကြောင့် လေယာဉ်မှူးရဲ့ ဆုံးဖြတ်ချက် မှန်ကန်တယ်လို့ ဆိုပါတယ်။
 
 
ဒီအဖြစ်ပျက်ကို လေယာဉ်ပေါ်ပါ ခရီးသည်တစ်ဦးက ဗီဒီယိုရိုက်ကူးထားခဲ့ပြီး ရုပ်သံမှာ ခရီးသည်တွေ အော်ဟစ်နေကြတာကို တွေ့ခဲ့ရပါတယ်။


Follow us on