1. Home
  2. International News

မလေးရှားရေကြီးမှု ကားများမောင်းနေရင်း ရေစီးနဲ့မျောပါ (ရုပ်သံ)

International News ส.ค. 16, 2562 view 1,484
မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့၏ ဆူဘန်းဂျာရာရပ်ကွက်တွင် လေကြီးမိုးကြီးကျမှုကြောင့် ကားလမ်းမကြီးပေါ် ရေလွှမ်းမိုးပြီး မောင်းနှင်နေသော ကားအချို့ ရေစီးနဲ့မျောပါမှု သြဂုတ်လ ၁၅ ရက်နေ့က ဖြစ်ပွားခဲ့ပါတယ်။
 
အဆိုပါနေ့ညနေပိုင်း ရုံးဆင်းချိန် ကားအသွားအလာများနေချိန်မှာ ဖြစ်ပွားခဲ့ပြီး ယာဉ်ထိန်းရဲတွေက ရေစီးနဲ့အတူ မျောပါနေတဲ့ ကားတွေကို ကူညီပြီး ထိန်းချုပ်ပေးခဲ့ရပါတယ်။ ရုပ်သံအရ ကားတွေဟာ ရေပေါ်မှာ ပေါလောမျောပြီး လမ်းမနဲ့ မထိတော့တာကြောင့် ယာဉ်မောင်းတွေ ကားကို ထိန်းချုပ်လို့ မရတော့ပဲ ရေစီးအတိုင်း လမ်းမကြီးတစ်လျှောက် ချာလည်လည် မျောပါခဲ့တာဖြစ်ပါတယ်။
 
 
ဒီအခြေအနေကို ည ၇ နာရီအချိန်လောက် ရေပြန်ကျသွားချိန်မှာ ထိန်းနိုင်ခဲ့တယ်လို့ ဆူးဘန်းဂျာယာ လက်ထောက်ရဲမှူး Risikin Satiman က ဆိုပါတယ်။ မိုးသည်းထန်လွန်းတာကြောင့် ရေမြောင်းစနစ်တွေ မထိန်နိုင်တော့ပဲ လမ်းမကြီးတွေပေါ် လျှံတက်ခဲ့တာဖြစ်ပါတယ်။
 


Follow us on