1. Home
  2. Myanmar’s Got Talent

“ပြောင်းပြန်ကို မတောင်းပန်ရင် နှာခေါင်းလန်သွားမယ်ဟေ့”

Myanmar’s Got Talent ส.ค. 19, 2562 view 2,197
စကားကို မပီကလာ ပီကလာသာ ပြောတတ်သေးပေမယ့် သိုင်းပညာမှာတော့ အရွယ်နဲ့ မလိုက်အောင် ထူးချွန်ထက်မြက်တဲ့ အသက် (၅)နှစ်အရွယ် ‘ဘုန်းမြတ်မင်း’ က Myanmar’s Got Talent ရဲ့ Semi Final မှာ ဒိုင်လူကြီးတွေနဲ့ ပရိသတ်တွေအားလုံးကို လက်ဖျားခါလောက်အောင် မြန်မာ့သိုင်းကို အစွမ်းပြနိုင်ခဲ့ပါတယ်။ 
 
မန္တလေးသားလေး ‘ဘုန်းမြတ်မင်း’ က သူ့အသက် ၁ နှစ်ခွဲအရွယ်လောက်ထဲက မြန်မာ့ရိုးရားသိုင်းပညာကို ဝါဿနာပါခဲ့တဲ့အတွက် ဖခင်ဖြစ်သူကိုယ်တိုင် လေ့ကျင့်သင်ကြားပေးခဲ့ပါတယ်။ 
 
အသက်အရွယ်နဲ့မမျှအောင် လေ့ကျင့်ခန်းတွေကို ပင်ပင်ပန်းပန်းနဲ့ ကြိုးစားခဲ့တာကြောင့် အခုအသက် ၅ နှစ်အရွယ်မှာတင် မြန်မာ့သိုင်းပညာကို ပေါ့ပါးသွက်လက် လျှင်မြန်စွာ ကစားပြနိုင်ခဲ့တာကြောင့် Audition မှာထဲက ပရိသတ်နဲ့ ဒိုင်လူကြီးတွေရဲ့ အသည်းစွဲဖြစ်ခဲ့ပါတယ်။
 
ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ညက တိုက်ရိုက်ထုတ်လွှင့် ယှဉ်ပြိုင်ခဲ့တဲ့ Myanmar’s Got Talent မှာ သူ့တစ်ရပ်ကျော်တဲ့ တုတ်နှစ်ချောင်းကို ကျွမ်းကျွမ်းကျင်ကျင် ကလေးတစ်ယောက်ရဲ့ အားနဲ့ ဝှေ့ယမ်းပြီးကစားပြသွားခဲ့တာ မအံ့သြမချီးကျုးပဲ မနေနိုင်လောက်အောင် သိုင်းပညာဘက်မှာ ပါရမီရှင်တစ်ယောက်အဖြစ် အားလုံးက အသိမှတ်ပြုခဲ့ရပါတယ်။
 
Myanmar’s Got Talent ရဲ့ ဒိုင်တွေထဲမှာ ‘မောင်သီ’ ကို အကြိုက်ဆုံးလို့ပြောပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒါရိုက်တာမောင်သီက ‘သိုင်းပြောင်းပြန်’ ဆိုတဲ့ ဇာတ်ကားရိုက်ကူးခဲ့လို့ပါလို့ ဖြေကြားခဲ့တာဟာ သိုင်းပညာအပေါ် ထားတဲ့ သူ့ရဲ့စိတ်လေးကို မြင်ခဲ့ကြရပါတယ်။
 
Audition မှာတုန်းက မောင်သီက သိုင်းပြောင်းပြန် ဇာတ်ကားလေးထဲက ကျုံးဝါးတဲ့ စကားလေးတစ်ခွန်းကို အစေဖော်ပေးခဲ့ရာမှာ သူက “ပြောင်းပြန်ကို မတောင်းပန်ရင် နှာခေါင်းလန်သွားမယ်ဟေ့” လို့ ပြည့်စုံအောင် ကျုံးဝါးပြခဲ့ပါတယ်။
 
Myanmar’s Got Talent ရဲ့ Top 3 ကို တက်သွားနိုင်ခဲ့တဲ့ ‘ဘုန်းမြန်မင်း’ ရဲ့ သိုင်းစွမ်းရည်ကို ကိုယ်တိုင်ခံစားကြည့်ရှုစေချင်ပါတယ်။
 
 
အသက်ငယ်ငယ်လေးနဲ့ ထူးချွန်တဲ့ ပါရမီရှင်လေးတစ်ယောက်ကို တွေ့လိုက်ရတော့ မြန်မာ့သိုင်းပညာ အတွက် ဂုဏ်ယူမိပါတယ်၊ Winner ဖြစ်ပါစေလို့လဲ ဆုတောင်းပေးလိုက်ပါတယ်။ 
 


Follow us on