1. Home
  2. International News

လျှပ်စစ်လေယာဉ်ပျံငယ် ပျက်ကျမှုကြောင့် ဈေးကွက်တင်ရန် နောက်တစ်လှမ်းဆုတ်

International News ส.ค. 19, 2562 view 1,540
နော်ဝေနိုင်ငံတွင် လျှပ်စစ်စွမ်းအင်သုံးကာ ပျံသန်းရန်တီထွင်ထားသည့် လေယာဉ်ငယ်တစ်စင်း ယခုသီတင်းပတ် အစောပိုင်းက ပျံသန်းနေစဉ် ရေကန်ကြီးတစ်ခုအတွင်းသို့ ပျက်ကျခဲ့တာကြောင့် လျှပ်စစ်လေယာဉ် ထုတ်လုပ်နိုင်ဖို့ ခြေလှမ်း နောက်တစ်လှမ်း ပြန်ဆုတ်သွားခဲ့ရပါတယ်။
 
 
ပြီးခဲ့တဲ့ နှစ်အနည်းငယ်အတွင်း လျှပ်စစ်လေယာဉ်ထုတ်လုပ်ပြီး ဈေးကွက်တင်ရောင်းနချနိုင်ဖို့ ကုမ္ပဏီအချို့ အားထုတ်ခဲ့ကြဖူးပါတယ်။ Rolls-Royce နဲ့  Siemens တို့ ပူးပေါင်းပြီး လျှပ်စစ်လေယာဉ်အမျိုးအစား အဲယားဘတ်စ်တွေ ဆောက်လုပ်ခဲ့ကြပါတယ်။ ဒီလျှပ်စစ်လေယာဉ်တွေကို ဈေးကွက်မှာ ရောင်းချဖို့ Wright Electronic က ပူပေါင်းပါဝင်လက်တွဲခဲ့ပါတယ်။
 
Pipistrel နဲ့ Alpha Electro တို့ဟာ ဈေးကွက်ထဲကို ပထမဆုံးရောက်လာတဲ့ နှစ်ယောက်စီး လေ့ကျင့်ရေး လေယာဉ်ငယ်လေးတွေဖြစ်ပါတယ်။ လေယာဉ်မောင်းလေ့ကျင့်ရေး သင်တန်းကျောင်းတွေမှာ သုံးဖို့ ရည်ရွယ်ထားပါတယ်။ ကွန်ပို့ဇစ်ကိုယ်ထည်နဲ့ လျှပ်စစ်မော်တာတပ်ဆင်ထားပြီး ၂၀ ကီလိုဝပ် ဘတ္ထရီတို့ကို တပ်ဆင်ထားပြီး စုစုပေါင်း အလေးချိန် ၃၅၀ ကီလိုဂရမ်ရှိပါတယ်။ လေယာဉ်ဟာ ၂၀၀ ကီလိုဂရမ်လောက် တင်ဆောင်နိုင်ပြီး လေထဲမှာ တစ်နာရီခန့် ပျံသန်းနိုင်တယ်လို့ ကုမ္ပဏီက ပြောထားပါတယ်၊ ဒါ့အပြင် အရံအနေနဲ့ နောက်ထပ် မိနစ် ၃၀ ပျံသန်းနိုင်ကြောင်း သိရပါတယ်။
 
 
နော်ဝေနိုင်ငံ လေဆိပ်အော်ပရေတာက  Avinor လျှပ်စစ်လေယာဉ်ငယ်နဲ့ သရုပ်ပြပျံသန်းစဉ် ရေကန်ကြီးထဲကို ပျက်ကျခဲ့တာဖြစ်ပါတယ်။ လေယာဉ်ပျက်ကျခဲ့ပေမယ့် လေယာဉ်ပေါ်ပါသူ နှစ်ဦးစလုံး အသက် အန္တရာယ်မရှိပဲ လွတ်မြောက်ခဲ့ပြီး ပျက်ကျခဲ့ရတဲ့ အကြောင်းရင်းကိုတော့ မသိရှိရသေးပါ။
 
ယခုလို ပျက်ကျခဲ့တဲ့အတွက် လျှပ်စစ်လေယာဉ်ပျံတွေအပေါ် ယုံကြည်မှု ကျဆင်းစေတဲ့အတွက် လေယာဉ်ထုတ်လုပ်သူတွေအနေနဲ့ ဘေးကင်းလုံခြုံတဲ့ လေယာဉ်တစ်စင်းဖြစ်အောင် အထူးအားစိုက်ထုတ်ဖို့ လိုဦးမှာဖြစ်ပါတယ်။


Follow us on