1. Home
  2. International News

ဒေါ်လာ ၂ သန်း အမ်းတုန်းက အမ်းပြီး အခုမှ ချေးတာပါတဲ့

International News ส.ค. 20, 2562 view 1,544
“လည်တော့ လည်တယ် တစ်ပတ်မပြည့်ဘူး” လို့ ဆိုရမှာပါ။ 
စားနေကြကြောင်းပါးလည်း ဂျင်ပေါ်က ထုံးနဲ့ တွေ့တဲ့အခါ ကတုံးပေါ် ထိပ်ကွက်ခံလိုက်ရပါတယ်။
 
စင်ကာပူနိုင်ငံက အသက် ၅၅ နှစ်အရွယ် စီးပွားရေးသမား Mr Toh ဟာ အိမ်ခြံမြေပွဲစား အမျိုးသမီးတစ်ဦးနဲ့ တိတ်တိတ်ပုန်း ဇာတ်လမ်း ဖြစ်ခဲ့ပြီး တွဲနေတဲ့ ၃ လအတွင်းမှာ စင်ကာပူဒေါ်လာ ၂ သန်း ခြေလွန်လက်လွန်နဲ့ ပါသွားခဲ့ပါတယ်။
တစ်စိမ့်စိမ့် တွေးပြီး တအိအိ နှမြောတဲ့စိတ်ကြောင့် အခုအခါမှာတော့ ဒီပိုက်ဆံတွေဟာ ထုတ်ချေးခဲ့တာသာဖြစ်ပြီး ပြန်ဆပ်ရန် တရားစွဲဆို တောင်းခံလိုက်ပါတယ်။
 
 
သူနဲ့တွဲခဲ့တဲ့ အသက် ၃၃ နှစ်အရွယ် Ms Angelina Jiang အိမ်ခြံမြေအကျိုးဆောင်က ဒီငွေတွေဟာ သူမချေးယူခဲ့တဲ့ ငွေတွေမဟုတ်ပဲ Mr Toh Eng Tiah ကိုယ်တိုင်က လက်ဆောင်အဖြစ်နဲ့ သူမကို အမ်းခဲ့တာလို့ ပြန်လည်ချေပလိုက်ပါတယ်။
 
သြဂုတ်လ ၁၉ ရက်နေ့က စင်ကာပူတရားရုံးမှာ အမှုရင်ဆိုင်ကြစဉ် Ms Angelina ရဲ့ ရှေ့နေက Mr Toh ပေးပို့ခဲ့သော မက်ဆေ့များကို ဖွင့်ပြခဲ့ပါတယ်။ မက်ဆေ့တစ်ခုမှာ ‘သမီးလေးမွေးပေးရင် ဒေါ်လာ ၂ သန်း ချီးမြှင့်မယ်’ လို့ ရေးထားပြီး နောက်ထပ်တစ်ခုမှာတော့ ‘ပိုက်ဆံပြန်ပေးစရာမလိုပါဘူး ဒေါ့လာ ၂ သန်းက မင်းအတွက် လက်ဆောင်’ လို့ ရေးထားပါတယ်။
အဆိုပါ မက်ဆေ့တွေပေါ်မှာ အခြေခံပြီး အမျိုးသမီးဘက် ရှေ့နေဖြစ်သူက Mr Toh ဟာ ရှေ့နောက်စကားမတည်သူဖြစ်ပြီး အခုမှ ပိုက်ဆ့တွေကို ပြန်တောင်းနေတယ်လို့ လျှောက်လဲခဲ့ပါတယ်။
 
Mr Toh ရဲ့ ရှေ့နေကတော့ Ms Angelina ကို ချူစားတဲ့ အမျိုးသမီးအဖြစ် ထောက်ပြခဲ့ပြီး ဒီပိုက်ဆံတွေကို လက်ဆောင်ပေးတယ်လို့ တစ်ခါမှ မရည်ရွယ်ခဲ့တာဖြစ်တဲ့အတွက် ပြန်ဆပ်ရမယ့် ငွေတွေဖြစ်ကြောင်း အပြန်အလှန်လျှောက်လဲခဲ့ကြပါတယ်။
 
Mr Toh ဟာ စွန့်ပစ်ပစ္စည်းအဟောင်းများ ရောင်းဝယ်တဲ့ ကုမ္ပဏီ ၃ ခုရဲ့ ပိုင်ရှင်ဖြစ်ပြီး အရင်ဇနီးနဲ့ ကလေး နှစ်ယောက်ရှိပြီး လက်ရှိ ဇနီးနဲ့တော့ ကလေးမရှိသေးပါဘူး။ သူတို့နှစ်ဦးဟာ ၂၀၁၆ ခုနှစ် နိုဝင်ဘာလမှာ ဆုံဆည်းခဲ့ကြတာဖြစ်ပါတယ်။
 
Ms Angelina ဟာ တရုတ်နိုင်ငံသူဖြစ်ပြီး စင်ကာပူနိုင်ငံကို လာရောက်အလုပ်လုပ်ကိုင်ခဲ့ရာမှ တစ်နှစ်ကို ဒေါ်လာ ၇ သိန်း ဝင်ငွေရှိသူဖြစ်လာပြီး ၂၀၁၄ ခုနှစ်မှာ စင်ကာပူနိုင်ငံသား ခံယူခဲ့သူဖြစ်ပါတယ်။
အိမ်ခြံမြေအရောင်းအဝယ်ကိစ္စနဲ့ သူတို့နှစ်ယောက် ဆုံခဲ့ကြပြီး ဇာတ်လမ်း ဖြစ်ခဲ့ကြပါတယ်။ ဒေါ်လာ ၂ သန်းကိုတော့ ၂၀၁၆ ခုနှစ်နဲ့ ၂၀၁၇ ခုနှစ်ကြားမှာ ရယူခဲ့ပြီး ဒါဟာ ချေးငွေသာ ဖြစ်တယ်လို့ Mr Toh ရဲ့ ရှေ့နေက ဆိုပါတယ်။
အမှုကိုတော့ ဆက်လက်ကြားနာ စစ်ဆေးနေဆဲဖြစ်ကြောင်း စင်ကာပူသတင်းတွင် ဖော်ပြပါရှိသည်။


Follow us on