1. Home
  2. International News

Emojis တွေကိုအသုံးပြုသူတွေက Relationship နဲ့ လိင်ကိစ္စတွေမှာ အောင်မြင်စေနိုင်

International News ส.ค. 21, 2562 view 1,523

ကျွန်တော်တို့လူငယ်တွေဟာ ဆိုရှယ်ပလပ်ဖောင်းတွေနဲ့ နေ့စဉ်ထိတွေမှုရှိပြီး တစ်နေ့မှာ အနည်းဆုံး ၃ နာရီခန့် ဖေ့စ်ဘုတ် ၊ မက်ဆေ့ဂျာ ၊ တွက်တာ ၊ အင်စတာဂရမ်စတဲ့ ဆိုရှယ်ပလပ်ဖောင်းတွေမှာ ရှိနေတတ်ပါတယ်။ အဲ့ဒီ ပလပ်ဖောင်းတွေပေါ်မှာ သူငယ်ချင်း အချင်းချင်း မက်ဆေ့ပို့ ၊ ကော်မန့်ပေးတဲ့အခါ Emojis တွေကို အသုံပြုကြပါတယ်။ လေ့လာစမ်းစစ်မှုအရ Emojis တွေကို အသုံးပြုခြင်းက တစ်ယောက်နဲ့တစ်ယောက် Relationship နဲ့ လိင်ကိစ္စတွေမှာ အောင်မြင်မှုရစေနိုင်တယ်လို့သိရပါတယ်။

Kinsye Institute မှ လေ့လာစမ်းသပ်မှုအရ ဆိုရှယ်ပလပ်ဖောင်းပေါ်မှာ Emoji တွေကို အသုံးပြုသူတွေဟာ အသုံးမပြုသူတွေထက် Relationship နဲ့ လိင်ကိစ္စတွေမှာ အောင်မြင်နိုင်စေတယ်လို့ သိရပါတယ်။Emojis တွေဟာ တစ်ယောက်နဲ့ တစ်ယောက် စိတ်ခံစားချက်ကို အလွယ်တကူ သိစေနိုင်အောင် ဖော်ပြတဲ့ အရာတစ်ခုဖြစ်ပြီး ဒါတွေကို အသုံးပြုခြင်း Relationship မှာ ထူးချွန်နိုင်တာပါ။ Kinsye Institute ဟာ စစ်တမ်းကောက်ယူခဲ့ပြီး ပထမစစ်တမ်းမှာ လူပေါင်း (၅၀၀၀) ကျော်နဲ့ ဒုတိယအသုတ်မှာ အရွယ်ရောက်ပြီးသူ လူငယ် (၂၇၅ ) ယောက်ကို လေ့လာစမ်းစစ်မှုပြုလုပ်ခဲ့ပါတယ်။

စစ်တမ်းအရ မက်ဆေ့ပို့တဲ့ခါ Emojis တွေကို အသုံးပြုတဲ့သူတွေက အချစ်ရေးမှာ ပိုအောင်မြင်မှုရှိကြပါတယ်။ Emojis တွေဟာ တစ်ယောက်နဲ့တစ်ယောက် စိတ်ခံစားချက်ကို ချိတ်ဆက်ပေးနိုင်တာကြောင့် လိင်ကိစ္စတွေမှာ ဆက်စပ်မှုရှိတယ်လို့ သိရပါတယ်။ လေ့လာစမ်းသပ်မှုအရ ၃၈ % သောသူတွေဟာ emojis ကို အသုံးပြုကြခြင်းမရှိဘဲ ၂၉ % သူတွေက အလုပ်မှာ အသုံးပြုကြပါတယ်။ ၂၈ % သော် Single တွေက အမြဲအသုံးပြုလေ့ရှိပြီး ၃ % သောသူတွေက စာသားတွေထဲ့မှာ ကြားညှပ်အသုံးပြုကြပါတယ်။၂.၅ %တွေက တော့ စာသားတွေထက် ပိုအသုံးပြုကြပါတယ်။

Emojis တွေကို ၁၉၉၀ ခုနှစ်နောက်ပိုင်း ဂျပန်မိုဘိုင်းဖုန်းကုမ္ပဏီတွေမှာ စတင်အသုံးပြုလာပြီး တစ်ယောက်နဲ့တစ်ယောက် ခံစားချက်ကိုသိရှိနိုင်ဖို့ တီထွင်ခဲ့ကြတာဖြစ်ပါတယ်။ သင့်အကြိုက်ကရော ဘယ် Emoji လဲဆိုတာကို ကော်မန့်မန့်ပေးကြနော် ။ အလုပ် ၊ အချစ်ရေး  အခြားကိစ္စတွေမှားလည်း အောင်မြင်မှုရစေဖို့ Emojis တွေကို များများအသုံးပြုကြပါနော် …

Ref ; dailymail



Follow us on