1. Home
  2. International News

တစ်နှစ်တာ ဝင်ငွေအကောင်းဆုံးမင်းသားအဖြစ် Dwayne Johnson ရပ်တည်

International News ส.ค. 22, 2562 view 1,640

Forbes မဂ္ဂဇင်းရဲ့ ထုတ်ပြန်ချက်အရ တစ်နှစ်တာရဲ ့ဝင်ငွေအကောင်းဆုံး မင်းသားအဖြစ် The Rock လို့ လူသိများတဲ့ မင်းသားကြိး  Dway Johnson ရပ်တည်နိုင်ခဲ့ပါတယ်။ သူရဲ ့တစ်နှစ်တာ ဝင်ငွေဟာ ၂၀၁၈ ဇွန်လ ၁ ရက်မှ  ၂၀၁၉ ဇွန်လ ၁ ရက်နေအထိ ဒေါ်လာ (၈၉.၄) သန်းရရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့ နှစ်က သူရဲ့ ဝင်ငွေဟာ  ဒေါ်လာ (၁၁၉) ဒေါ်လာအထိရှိခဲ့ပြီး ယခုနှစ်နှစ်မှာ ဝင်ငွေကျဆင်းခဲ့ပေမယ့် ဝင်ငွေအကောင်းဆုံး မင်းသားအဖြစ် ရပ်တည်နိုင်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်တုန်းက ဝင်ငွေအကောင်းဆုံး မင်းသားဖြစ်ခဲ့တဲ့  George Clooney ကတော့ အဆင့် (၁၀) အတွင်တောင် မဝင်ဘဲ ဝင်ငွေအတော်လေး ကျဆင်းသွားခဲ့ပါတယ်။ ၂၀၁၈ ခုနှစ်တုန်းက သူဝင်ငွေမြင့်ခဲ့ရတဲ့ အကြောင်းကတော့ သူ့ရဲ ့တက်ကွီလာ ကုမ္ပဏီကို ဒေါ်လာ ၁ ဘီလီယံနဲ့ ရောင်းချနိုင်ခဲ့လို့ပဲ ဖြစ်ပါတယ်။
 
ပြီးခဲ့တဲ့ နှစ်က Dwayne Johnson မင်းသားဟာ “Fast & Furious spin-off Hobbs & Shaw” ၊ “ Skyscraper  ” Fighting with My Family  နဲ့  “Shazam” ရုပ်ရှင်တို့ကို ထုတ်လုပ်နိုင်ခဲ့ပါတယ်။ သူနောက်မှာတော့ “Avengers” ဇတ်ကားထဲ့က မင်းသားသော် Chris Hemsworth က ရပ်တည်နေပါတယ်။
 
တစ်နှစ်တာရဲ ့ဝင်ငွေအကောင်းဆုံး မင်းသားအဖြစ်တွက်ချက်ရာမှာ သရုပ်ဆောင်ကြေး တစ်ခုပဲ တွက်ချက်တာမဟုတ်ဘဲ ကြော်ညာဝင်ငွေ အပါအဝင် ဝင်ငွေအားလုံးကို ခြုံငုံတွက်ချက်တာ ဖြစ်ပါတယ်။
 
တစ်နှစ်တာရဲ ့ဝင်ငွေအကောင်းဆုံး မင်းသမီးကိုတော့ လာမည့်သောကြာနေ့ သြဂုတ်လ ၂၃ ရက်နေ့မှာ ကြေညာသွားမှာဖြစ်ပါတယ်။
 
Forbes ရ ဲ့ထုတ်ပြန်ချက်အရ ၂၀၁၉ ခုနစ် တစ်နှစ်တာရဲ ့ဝင်ငွေအကောင်းဆုံး မင်းသားများ

10. Will Smith

ဝင်ငွေ$35 million

9. Paul Rudd

ဝင်ငွေ:$41 million

8. Chris Evans

ဝင်ငွေ: $43.5 million

6. Adam Sandler (tie)

Earnings: $57 million

6. Bradley Cooper (tie)

ဝင်ငွေ: $57 million

5. Jackie Chan

ဝင်ငွေ: $58 million

4. Akshay Kumar

ဝင်ငွေ: $65 million

3. Robert Downey Jr.

ဝင်ငွေ:$66 million

2. Chris Hemsworth

ဝင်ငွေ: $76.4 million

1. Dwayne Johnson

ဝင်ငွေ:$89.4 million

Ref ; bbc , forbes



Follow us on