1. Home
  2. Myanmar’s Got Talent

Myanmar’s Got Talent ရဲ့ အကောင်းတကာ့ အကောင်းဆုံး ဆီမီးဖိုင်နယ်လ်ည

Myanmar’s Got Talent ก.ย. 02, 2562 view 48,892
ဒီနှစ် Myanmar’s Got Talent ယှဉ်ပြိုင်မှု တစ်ခုလုံးမှာ မနေ့ညက တိုက်ရိုက်ထုတ်လွှင့်ယှဉ်ပြိုင်ခဲ့တဲ့ ဆီမီးဖိုင်နယ်လ်က အခုချိန်ထိတော့ ရင်ခုန်စရာအကောင်းဆုံး Episode ဖြစ်ပါတယ်။ 
မနေ့ညက ပြိုင်ပွဲဝင်တွေအားလုံးဟာ Grand Final နဲ့ ထိုက်တန်တဲ့သူတွေချည်းဖြစ်လို့ ဒိုင်လူကြီးမင်းတွေကိုယ်တိုင် ဦးနှောက်စားခဲ့ကြရပါတယ်။
မကြည့်လိုက်ရသေးတဲ့သူတွေအတွက်တော့ အရမ်းကောင်းတဲ့ ညတစ်ည လက်လွတ်ခဲ့ရတာမို့ စိတ်မကောင်းဘူးလို့ပဲ ပြောချင်ပါတယ်။  
 
ပြိုင်ပွဲဝင်တွေဟာ ထူးခြားတဲ့ စွမ်းရည် တစ်မျိုးစီပိုင်ဆိုင်ထားပေမယ့် သူတွေရဲ့ နောက်ခံဇာတ်လမ်းက တစ်ချို့သူတွေဆီမှာ တူညီနေတာတွေ့ရပါတယ်။ မိဘနဲ့ သားသမီးတွေကြား နားလည်မှု လွဲမှားတောတွေ၊ စွန့်ပစ်ခံခဲ့ရတာတွေနဲ့ သူတို့တွေဟာ မိဘတွေဆီက ချင်းခြင်းမေတ္တာကို ပြန်ရဖို့ ဘာမဆိုရဲရဲရင့်ရင်းရင်ဆိုင်ပြီး သူတို့တွေဟာ တန်ဖိုးမဲ့တဲ့သူတွေမဟုတ်ကြောင်း ပြသဖို့ ကြိုးစားနေကြသူတွေလည်းဖြစ်ပါတယ်။  
 
ပွဲဦးထွက်မှာ ယှဉ်ပြိုင်ခဲ့တဲ့ ‘ဖုန်းရီ’ ခြင်္သေ့အဖွဲ့ရဲ့ ဆင်ဆက်မှုဟာ တစ်ဦးတစ်ယောက်ကောင်း လုပ်ဆောင်လို့မရပဲ အလွန်အန္တရာယ်များတဲ့ တရုတ်ရိုးရာခြင်္သေ့အကနဲ့ ယှဉ်ပြိုင်ခဲ့ပါတယ်။ သံတိုင်အမြင့်ကြီးတွေကြား တစ်ခုကနေတစ်ခုကို ခုန်ကူးပြီး စောက်ထိုး ကျွမ်းပြန်ကစားပြခဲ့တာဟာလည်း ပရိသတ်တွေအားလုံး အသည်းတယားယား ဖြစ်ခဲ့ရပါတယ်။ နှစ်ရှည်လများ ဇွဲလုံးလနဲ့ အခက်အခဲမျိုးစုံကို ကျော်လွှားပြီး လေ့ကျင့်ထားခဲ့ကြတာကိုလည်း ပေါ်လွင်စေပါတယ်။
 
 
ဆီမီးဖိုင်နယ်လ်နဲ့ ထိုက်တန်စွာ သူတို့အဖွဲ့သားတစ်ဦးရဲ့ ကြေကွဲစရာ တစ်ကယ့်ဖြစ်ရပ်မှန် ဇာတ်လမ်းလေးကို ဇာတ်လမ်းသွားအနေနဲ့ပုံဖော်ထားပြီး ပီပြင်အောင် သရုပ်ဖော်ပြသသွားနိုင်ခဲ့ပါတယ်။ 
လွမ်းမောဖွယ်ရာ ဇာတ်လမ်းလေးနဲ့ “ဖုန်းရီ”အဖွဲ့ ယှဉ်ပြိုင်မှုကို ခံစားကြည့်ရှုပေးပါဦး။
 
 
ဒုတိယပြိုင်ပွဲဝင်ကတော့ သူ့ရဲ့ ဘဝဖြစ်တည်မှုနဲ့ ယုံကြည်ချက်တွေကြောင့် မိဘဆွေမျိုးတွေနဲ့ သဘောထားကွဲလွဲခဲ့ရပြီး ရန်ကုန်မြို့ပေါ်မှာ တစ်ယောက်ထဲရပ်တည်ရင်း မိမိရဲ့ယုံကြည်ချက်အတိုင်း တစိုက်မှတ်မှတ် ကြိုးစားခဲ့ရာမှ Myanmar’s Got Talent စင်မြင့်ထက်မှာ ချပြနိုင်ခဲ့တဲ့ထိ နေရာတစ်ခုရလာခဲ့သူပါ။
 
 
နေမျိုးစည်သူစိုး(ခ)စီစီ က အိန္ဒိယအကအလှတွေကို ဘောလိဝုဒ်ရုပ်ရှင်တွေထဲကထက် သာလွန်အောင် ကပြနိုင်ခဲ့တဲ့ ကချေသည်လေးဖြစ်ပါတယ်။ ရှေးရိုးဆန်တဲ့ မိဘဆွေမျိုး အသိုင်းဝိုင်းတွေက သူရဲ့ LGBT ဘဝနဲ့ ဝါသနာကို လက်မခံနိုင်ခဲ့ကြပါဘူး။ ဒါပေမယ့် အခုလောက်ထိ တိုင်းသိပြည်သိ သူ့ရဲ့အရည်အချင်းတွေကို ချပြနိုင်ခဲ့ပြီးတဲ့အချိန်မှာတော့ ဆွေမျိုးအသိုင်းဝိုင်းတွေနဲ့ ကြားမှာ နာလည်မှုတွေ ပြန်လည်ရရှိလာခဲ့ပါတယ်။
“စီစီ” ကြိုးစားပမ်းစား ကပြသွားခဲ့တဲ့ အိန္ဒိယအကလေးကို ကြည့်ရှုအားပေးပြီး အကဲဖြတ်ပေးကြပါ။
 
 
မနေ့ညက ထူးထူးခြားခြား တစ်ဦးတည်းသော မျက်လှည့်ဆရာ Dark Spirit (ရဲရင့်) က ဒိုင်လူကြီးမင်းတွေနဲ့ အနီးကပ်မှာပဲ အားလုံးကို အံ့သြမှင်သက်မိအောင် လှည့်စားနိုင်ခဲ့တဲ့ ပြကွက်တစ်ခုကို ပြသခဲ့ပါတယ်။
သူ့ရဲ့ ပြကွက်တွေကို စာရေးပြရင် အရသာပေါ့သွားမှာစိုးလို့ ဘယ်လိုလှည့်စားသွားခဲ့လဲဆိုတာကို မျက်တောင်မခတ်ပဲ အမိဖမ်းကြည့်ပါဦး။
 
 
ဒီနှစ် Myanmar’s Got Talent အစီစဉ်မှာ အထူးခြားဆုံး ပြိုင်ပွဲဝင်တစ်ယောက်ရှိပါတယ်။ သူ့ရဲ့ ဘဝကိုအရှုံးမပေးတဲ့ စိတ်ဓါတ်ကို မြင်ရတဲ့ ပရိသတ်တွေအားလုံး စိတ်ဓါတ်ခွန်အားတွေ ရစေခဲ့ပါတယ်။
မွေးရာပါ လက်နှစ်ဖက်စလုံး မပါတဲ့ “မင်းမြတ်” က သူ့ရဲ့ ခြေထောက်နှစ်ဖက်ထဲနဲ့ သာမန်လူတွေတောင် လုပ်နိုင်ခဲတဲ့ ခြင်းအလှပြကွက်နဲ့ ယှဉ်ပြိုင်ခဲ့ပါတယ်။
ကိုယ်သာ ခြင်းတစ်လုံးကို ခြေထောက်နဲ့ တော့ကြည့်မယ်ဆိုရင် ဘယ်နှစ်ချက်လောက် တော့နိုင်မယ်ထင်ပါသလဲ..? 
 
 
“မင်းမြတ်” ကတော့ ခြင်းလုံးကို သူ မတော့ချင်တော့တဲ့ထိ မရပ်မနား အချက်ပေါင်းများစွာ တော့ပြနိုင်တဲ့အပြင် တော့ရုံသက်သက်မဟုတ်ပဲ တစ်ပတ်ချာလည်လှည့်၊ ခြေကျော်စသဖြင့် တော့ကစားနေစဉ်အတွင်းမှာ မျိုးစုံလည်း အလှပြသနိုင်ခဲ့ပါတယ်။
 
ဆီမီးဖိုင်နယ်မှာတော့ ခြင်းလုံးသာမကတော့ပဲ အင်မတန်မှပေါ့ပါးပြီး ထိန်းရခက်တဲ့ ပင်ပေါင်လုံးနဲ့ ဖန်ဂေါ်လီလုံး အသေးလေးတွေကိုပါ ကျွမ်းကျွမ်းကျင်ကျင် တော့ပြခဲ့ပါတယ်။ နောက်ဆုံးမှာ ဖန်ဂေါ်လီလုံးကို တော့ပြီး ပါးစပ်နဲ့ ပြန်ဖမ်းပြတဲ့ အကွက်ကတော့ ပရိသတ်တွေ အသည်းစွဲသွားတဲ့ ပြကွက်ဖြစ်ခဲ့ပါတယ်။
 
 
Myanmar’s Got Talent ပြိုင်ပွဲတစ်လျှောက်လုံးမှာ Beat Box နဲ့ ယှဉ်ပြိုင်ခဲ့သူတွေ အများကြီးရှိခဲ့ပေမယ့် သူတို့တွေအားလုံးကို ကျော်ဖြတ်ပြီး Beat Box ညီနောင်နှစ်ဦးဖြစ်တဲ့ “Kreem” ကသာ ဆီမီးဖိုင်နယ်ထိ ရောက်လာခဲ့တာဖြစ်ပါတယ်။
 
 
နှစ်တိုင်းလိုလို လာပြိုင်နေကြတဲ့ Beat Box ပြိုင်ပွဲဝင်တွေကြောင့် ဒိုင်လူကြီးတွေရဲ့ နားထဲမှာ တော်ရုံတန်ရုံ Beat Box ဆိုရင် မတိုးတော့ပါဘူး။ ဒါပေမယ့် “Kreem” ညီနောင်ရဲ့ ဆန်းသစ်ထူးခြားတဲ့ တီးကွက်တွေကြားမှာ ဒိုင်လူကြီး ၄ ဦးလုံး စီးမြောနေခဲ့ပြီး မခိုင်လေးဆိုရင် ထကတော့မတတ် မြူးကြွနေတာကို တွေ့ရပါတယ်။ 
“Kreem” အဖွဲ့ရဲ့ စည်းချက်နဲ့ တေးသွားတွေက ဘယ်လိုများပါလိမ့်..?
 
 
နောက်ဆုံး တစ်ယောက်ကတော့ Myanmar’s Got Talent မှာ ၃ နှစ်တိတိလာရောက်ယှဉ်ပြိုင်ခဲ့ဖူးပါတယ်၊ ဒါပေမယ့် သူ့ရဲ့မျက်နှာ ပုံပန်းသဏ္ဍန် ဘယ်လိုရှိတယ်ဆိုတာ အခုချိန်ထိ ပရိသတ်တွေ မြင်တွေ့ခွင့်မရကြသေးပါဘူး။ 
 
 
မျက်နှာဖုံးစွပ်နဲ့ ထူးခြားတဲ့ ကကွက်တွေ ဖန်တီးကပြယှဉ်ပြိုင်နေတဲ့ “ဟန်မှူးသော်” က Grand Final ကို တက်ရောက်နိုင်မှ သူ့ရဲ့မျက်နှာဖုံးကို ခွာချမယ်လို့ ဟိုးအရင်ထဲက ကတိပေးထားတဲ့အတိုင်း ၃ နှစ်ဆက်တိုက် မျက်နှာဖုံးစွပ်နဲ့ပဲ အဆင့်ဆင့်ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။
အခုဆီမီးဖိုင်နယ်ရဲ့ အဖြေက သူ့ရဲ့မျက်နှာအစစ်ကို ပရိသတ်တွေ မြင်တွေ့နိုင်မယ့် အခွင့်အရေးနဲ့ တိုက်ရိုက် အချိုးကျလို့နေပါတယ်။
 
 
ပရိသတ်တွေရဲ့ မဲရလာဒ်တွေအရ “ဖုန်းရီ” ၊ “မင်းမြတ်” နဲ့ “Kreem” အဖွဲ့တို့ Top 3 ထဲကို ပါသွားခဲ့ပါတယ်။ Top 3 ထဲကမှ ပရိသတ်မဲပေးမှုရလာဒ်အများဆုံးနဲ့ “မင်းမြတ်” က Grand Final ကို တက်ရောက်သွားနိုင်ခဲ့ပါတယ်။
 
 
“ဖုန်းရီ” နဲ့ “Kreem” တို့ကို ဒိုင်လူကြီးတွေရဲ့ အဆုံးအဖြတ်နဲ့ ရွေးချယ်ခဲ့ရာမှာ ‘မောင်သီ’ ‘မို့မို့မြင့်အောင်’ ‘ခိုင်သင်းကြည်’ တို့ သုံးဦးဆက်တိုက်က “ဖုန်းရီ” ကို ရွေးချယ်ခဲ့တာကြောင့် ‘မောင်မောင်အေး’ ပင် ရွေးချယ်စရာမလိုတော့ပဲ “ဖုန်းရီ” အဖွဲ့ကလည်း Grand Final ကို တက်ရောက်သွားနိုင်ခဲ့ပါတယ်။
 
 
တစ်ပတ်ထက် တစ်ပတ် ယှဉ်ပြိုင်မှုတွေ ပြင်းထန်လာတဲ့ Myanmar’s Got Talent အစီစဉ်ကို အပတ်စဉ် တနင်္ဂနွေနေ့ ည ၉ နာရီမှာ MRTV 4 ကနေ တိုက်ရိုက်ထုတ်လွှင့်ပြသလျှက်ရှိပါတယ်။
 


Follow us on