1. Home
  2. International News

ရထားလမ်းကူးကို အတင်းဖြတ်မောင်းရာမှ ရထားနဲ့ကား တိုက်မှုဖြစ်ပွား (ရုပ်သံ)

International News ต.ค. 02, 2562 view 1,639

အောက်တိုဘာလ ၁ ရက်နေ့က မလေးရှားနိုင်ငံ ‘ကလန်း’တွင် မီးရထားလမ်း အချက်ပြသူ၏ ညွှန်ကြားချက်အား မလိုက်နာပဲ အတင်းဖြတ်မောင်းဝင်သော ဘိလပ်မြေသယ် လော်ရီကားတစ်စင်းအား ရထားက ဖြတ်တိုက်ခဲ့မှု ဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်ကြောင့် လူအသေမပျောက် မရှိခဲ့သော်လည်း ဘိလပ်မြေသယ်ကား မှောက်ကာ ဘိလပ်မြေများ ပြန့်ကျဲလွင့်စင်ခဲ့ပြီး ရထား၏ အရှေ့စက်ခေါင်းပိုင်း ထိခိုက်ပျက်ဆီးခဲ့သည်။

ရုပ်သံတွင် မီးရထားလာနေသဖြင့် အချက်ပြသူက ကားနဲ့ရထားဆုံရာနေရာကို မောင်းတံချလမ်းပိတ်နေစဉ် ဘိလပ်မြေသယ်ကားက အတင်းမောင်းဝင်လာခဲ့သည်။ ထိုအချိန်မှာ ရထားက ဥသြဆွဲသံ ဆက်တိုက်ပေးပေမယ့် ဘိလပ်မြေကားမောင်းသူက ခေါင်းမာမာနဲ့ လွတ်အောင် အတင်းဖြတ်မောင်းစဉ် ရထားနဲ့ မလွတ်တော့ပဲ ခါးလယ်က ဖြတ်တိုက်ခံလိုက်ရခြင်းဖြစ်သည်။

ဖြစ်စဉ်ကို မလေးရှားရထားပို့ဆောင်ရေး KTM က တည်ဆဲဥပဒေနဲ့ အရေးယူနိုင်ရန် စုံစမ်းစစ်ဆေးနေကြောင်း သိရှိရသည်။

 



Follow us on