1. Home
  2. International News

တရုတ် ထိပ်တန်းအရာရှိကြီးအား လာဘ်စားထာသော ရွှေချောင်းများနဲ့ဖမ်းမိ

International News ต.ค. 04, 2562 view 1,768

တရုတ်နိုင်ငံ ဟိုင်နန်ပြည်နယ်၏ ထိပ်တန်းအစိုးရအရာရှိကြီးတစ်ဦး၏ နေအိမ်ကို ရှောင်တခင် ဝင်ရောက်စစ်ဆေးရှာဖွေခဲ့ရာ စတာလင်ပေါင် ၅၂၀ ဘီလီယံတန်ဖိုးရှိ ရွှေချောင်း ၁၃.၅ တန် နှင့် တရုတ်ယွမ်ငွေ ၂၈၆ ဘီလီယံကို သူ့ရဲ့ ဘဏ်အကောင့်ထဲတွင် စစ်ဆေးတွေ့ရှိခဲ့သည်။

အသက် ၅၈ နှစ်အရွယ် “Zhang Qi” ဟာ တရုတ်ကွန်မြူနစ် အစိုးရ၏ အာဏာရှိသော ထိပ်တန်းအရာရှိပုဂ္ဂိုလ်တစ်ဦးဖြစ်ပြီး လုပ်ပိုင်ခွင့်များချပေးရန် ရယူထားသော လာဘ်ငွေများအပြင် တန်ဖိုးကြီး အိမ်ယာများလည်း ပိုင်ဆိုင်ထားကြောင်း သတင်းထွက်ပေါ်ခဲ့တဲ့အတွက် သံသယနဲ့ စောင့်ကြည့်ခံခဲ့ရသူဖြစ်ပါတယ်။

“Zhang Qi” ရဲ့ လာဘ်စားထားတယ်လို့ ယူဆထားတဲ့ ကြွယ်ဝချမ်းသာမှုဟာ တရုတ်ဘီလီယံနာသူဌေးကြီး “ဂျက်မား” ထက်ပင် ပိုများနေကြောင်း Forbes က ဖော်ပြပါတယ်။ “Zhang Qi” ဟာ ‘ဟိုင်းကို’မြို့ မှာရှိတဲ့ ကွန်မြူနစ်ပါတီရဲ့ အတွင်းရေးမှူးလည်းဖြစ် ဟိုင်နန်ပြည်နယ်ရဲ့ ကော်မတီအဖွဲ့ဝင်လည်း ဖြစ်ပါတယ်။

သူဟာ မြို့တော်ဝန်နဲ့ တန်းတူ လုပ်ပိုင်ခွင့်အာဏာရှိသူဖြစ်တယ်လို့ တရုတ်ကွန်မြူနစ်ပါတီရုံးမှာ ဖွဲ့စည်းထားတဲ့ ရာထူးအဆင့်တွေအရ သိရပါတယ်။

အဂတိလိုက်စားမှုတိုက်ဖျက်ရေး စုံးစမ်းစစ်ဆေးရေးအရာရှိတွေ သူ့ရဲ့နေအိမ်ကို ယခုလအစောပိုင်းမှာ ရှောင်တခင်ဝင်ရောက်ရှာဖွေခဲ့ပြီး ရွှေချောင်းတွေနဲ့အတူ ငွေကြေးမြောက်များစွာ တွေ့ရှိပြီးတဲ့နောက် သူကို ရာထူးနှစ်နေရာလုံးကနေ ဖြုတ်ချလိုက်ပါတယ်။

လက်ရှိမှာတော့ “Zhang Qi” ဟာ စစ်ဆေးမေးမြန်မှုတွေ ခံယူနေရကြောင်း Daily Mail သတင်းမှာ ဖော်ပြပါရှိသည်။



Follow us on