1. Home
  2. International News

ဆင်ပေါက်လေးကို ကယ်ဖို့ကြိုစားရင်း ဆင်(၆) ကောင်ပြုတ်ကျသေဆုံး

International News ต.ค. 07, 2562 view 1,737
မေတ္တာတရားဆိုတာ လူတွေမှရှိတာမဟုတ်ဘဲ တိရစ္ဆာန်တွေမှာလည်း ကြီးမားတဲ့ မေတ္တာတရားတွေ ရှိကြပါတယ်။ ဒိဖြစ်ရပ်လေးမှာတော့ တိရစ္ဆာန်တွေဟာ ဘယ်လောက်မေတ္တာတရားကြီးမားတယ်ဆိုတာ သိသာထင်ရှားစေခဲ့ပါတယ်။ 
 
ပြီးခဲ့တဲ့ အောက်တိုဘာလ ၅ ရက်နေ့က ထိုင်းနိုင်ငံ Khao Yai အမျိုးသားဥယျာဉ်အတွင်းမှာရှိတဲ့ Haew Narok(Hell’s Fall) ရေတံခွန်ထဲမှာ ဆင် (၆) ကောင်ပြုတ်ကျသေဆုံးခဲ့ပါတယ်။ ဖြစ်စဉ်မှာ (၃) နှစ်သား ဆင်ပေါက်လေး တစ်ကောင်ကို ကယ်ဖို့ကြိုးစားရင် ကျန် (၅) ပါ ပြုတ်ကျသေးဆုံးခဲ့တာဖြစ်ပါတယ်။ 
 
ကယ်ဆယ်ရာမှာ မသေဘဲ ကျန်ရှိနေတဲ့ (၂) ကောင်ကိုတော့ ဘေးကင်းရာကို ပို့ဆာင်ထားတယ်လို့ သိရပါတယ်။ 
ဒီလိုအဖြစ်အပျက်မျိုးကို ၁၉၉၂ ခုနှစ်တုန်းကလည်း ဖြစ်ခဲ့ဖူးပြီ ဆင်(၈) ကောင်သေဆုံးခဲ့ရပါတယ်။ ဒီ မတောမဆမှုဖြစ်ပြီးနောက် Khao Yai အမျိုးသားဥယျာဉ်ကို ယာယီ ပိတ်ထားခဲ့ပါတယ်။ လူတွေကလည်း ဆင်တွေအတွက် ဝမ်းနည်းခြင်း အသိအမှတ်ပြုုခဲ့ကြပါတယ်။
 
အခုနောက်ပိုင်းမှာ ဆင်တွေဟာ ရှားပါးသတ္တဝါတွေထဲ့မှာ ပါဝင်လာခြဲ့ပီး မျိုးမတုံးသွားစေဖို့ လူတွေက ထိန်းသိမ်းစောင့်ရှောက်ထားကြတာဖြစ်ပါတယ်။ ထိုင်းနိုင်ငံမှာ အာရှဆင်ပေါင်း ၇,၀၀၀ လောက် ရှိပြီး တဝက်ကျော်လောက်ကို လူတွေက ထိန်းသိမ်းမွေးမြူထားကြပါတယ်။
 

 
Ref; BBC


Follow us on