1. Home
  2. International News

အိမ်သာအကြာကြီးတက်တာနဲ့ အချက်ပေးသံမြည်မည့်စနစ် တပ်ဆင်မည်

International News ต.ค. 21, 2562 view 1,622

တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့အနှံ့က အများသုံးအိမ်သာရှိရာ နေရာပေါင်း ၁၅၀ တွင် အိမ်သာကိုအကြာကြီး အသုံးပြုနေပါက အချက်ပေးသံမြည်မည့်စနစ်ကို မကြာမီတပ်ဆင်သွားတော့မည်ဖြစ်သည်။

အဆင့်မြင့်နည်းပညာ သုံးထားသည့် စနစ်က အိမ်သာအသုံးပြုသူများအတွက် သတ်မှတ်အချိန်ဇယား၊ လေထဲမှာ အနံ့ပါဝင်မှုနဲ့ ရေအတိုင်းအတာတို့ကို အလိုလျှောက် စောင့်ကြည့်ထိန်းချုပ်ပေးသွားမှာဖြစ်ပါတယ်။

ဒီစနစ်တွေထဲမှာ စိတ်ဝင်စားဖို့အကောင်းဆုံးကတော့ အိမ်သာအသုံးပြုမှုကို တိုင်းတာကန့်သတ်တဲ့ လုပ်ဆောင်ချက်ပဲဖြစ်ပါတယ်။ အိမ်သာအသုံးပြုနေတာ ၁၅ မိနစ်ကျော်သွားတာနဲ့ အချက်ပေးသံပေါ်လာမှာဖြစ်ပြီး အလုပ်သမားတစ်ယောက်ယောက် ရောက်လာကာ စစ်ဆေးမှာဖြစ်ပါတယ်။

တရုတ်နိုင်ငံတွေမှာ အများပြည်သူသုံး စမတ်သန့်စင်ခန်းများ ဖော်ဆောင်နေသည်မှ ယခုတစ်ခါက ပထမဦးဆုံးအကြိမ် မဟုတ်ပါဘူး၊ ယခင်ကလည်း မျက်နှာကို စစ်ဆေးထောက်လှမ်းပြီးမှ အိမ်သာသုံးစက္ကူယူလို့ရတဲ့ စနစ်ကို တပ်ဆင်ခဲ့ဖူးပါတယ်၊ အိမ်သာသုံးစက္ကူ ခိုးယူမှုကာကွယ်နိုင်အောင် ဖန်တီးထားခဲ့ပေမယ့် သန့်စင်ခန်းသုံးတဲ့သူတွေအနေနဲ့တော့ ကသိကအောက်ဖြစ်ခဲ့ရပါတယ်။



Follow us on