1. Home
  2. International News

ထိုင်းလေဆိပ်များတွင် ဘိုင်အိုမက်ထရစ်စနစ်တပ်ဆင်ပြီး ဝရမ်းပြေးများဖမ်းဆီးရမိ

International News ต.ค. 21, 2562 view 1,614

ထိုင်းနိုင်ငံတွင်းရှိ အပြည်ပြည်ဆိုင်ရာလေဆိပ် ၁၆ ခုတို့တွင် ခန္ဓာကိုယ်ဇီဝ အခြေခံပြီး စစ်ဆေးသော ဘိုင်အိုမက်ထရစ် စစ်ဆေးရေးစနစ် တပ်ဆင်လိုက်ပြီးနောက် အမည်ပျက်စာရင်းသွင်းခံထားရပြီး စောင့်ကြည့်ခံနေရသူ အယောက် ၁,၀၀၀ ကျော်၊ ဗီဇာသက်တမ်းကျော်လွန်နေထိုင်သူ ၄၅,၀၀၀ နဲ့ ဖမ်းဝရမ်းထုတ်ခံထားရသူ ဝရမ်းပြေး ၇၀၀ ခန့်တို့ကို စစ်ဆေး ဖမ်းဆီးရမိခဲ့ကြောင်း လူဝင်မှုကြီးကြပ်ရေး လက်ထောက်ရဲအရာရှိချုပ် Sompong Chingduang က တနင်္လာနေ့တွင် ပြောကြားလိုက်သည်။

ဘိုင်အိုမက်ထရစ်သည် နိုင်ငံကူးလက်မှတ်မှာ ထည့်ထားသည့် ချစ်ပ်ပြားမှတစ်ဆင့် အချက်လက်များအားလုံးကို ဖတ်ရှုနိုင်သလို လူရဲ့မျက်နှာသွင်ပြင်ကို အနီအောက်ရောင်ခြည် UV အသုံးပြုပြီး လူပုဂ္ဂိုလ်နဲ့ ကိုင်ဆောင်ထားတဲ့ နိုင်ငံကူးလက်မှတ် ကိုက်ညီမှုရှိ၊ မရှိ နှင့် နိုင်ငံကူးလက်မှတ်အတု စတာတွေကို စစ်ဆေးနိုင်ကြောင်း ပြောဆိုခဲ့ပါတယ်။

ဒီစက်ကို တပ်ဆင်ပြီး ၃ ရက်တာ ကာလအတွင်း တရားမဝင်ပြောင်းရွေ့နေထိုင်သူ ၈,၀၀၀ ကို ရဲက ဖမ်းဆီးနိုင်ခဲ့သလို၊ ပတ်စ်ပို့အတုကိုင်ဆောင်သူများ၊ နေထိုင်ရက်ကျော် ခရီးသွားများနဲ့ ဝရမ်းထုတ်ခံထားရတဲ့ အလိုရှိတရားခံများကိုပါ ဖမ်းဆီးနိုင်ခဲ့ပါတယ်။

ဘီလီယံနာသူဌေး အယောင်ဆောင်ကာ မင်္ဂလာဆောင်စရိတ်တွေကို သတို့သမီးအား ပြန်မပေးပဲ ထွက်ပေးလာခဲ့တဲ့ ဟောင်ကောင်မှ တရားခံကို Dong Mueang လေဆိပ်မှာ လက်တလော ဖမ်းဆီးနိုင်ခဲ့ပါတယ်။ သူဟာ ၁၉၉၁ ခုနှစ်ကတည်းက လိမ်လည်မှုကနေ ထွက်ပြေးတိမ်းရှောင်နေတဲ့ တရားခံပြေးတစ်ဦးလည်း ဖြစ်ပါတယ်။

ဘိုင်အိုမက်ထရစ်စနစ်ဟာ ခန္ဓာကိုယ်ကို အခြေပြုပြီး လက်ဗွေ၊ လက်ဖဝါးပုံစံ၊ အသံ၊ မျက်နှာ၊ DNA ၊ မျက်ကြည်လွှာ တို့ကို စူးစမ်းစစ်ဆေးပြီး ကာယကံရှင်ရဲ့ စိတ်ပိုင်းဆိုင်ရာအခြေအနေတို့ကိုလည်း ထောက်လှမ်းနိုင်ပါတယ်။ ဒီစနစ်ကို အမေရိကန်နိုင်ငံရှိ CIA နဲ့ FBI တို့က လွန်ခဲ့တဲ့ ၂၅ နှစ်လောက်ကတည်းက  အသုံးပြုခဲ့ကြတာဖြစ်ပါတယ်။

မည်သို့ပင်ဖြစ်စေကာမူ ဒီစနစ်မှန်မှန်ကန်ကန် အလုပ်လုပ်နိုင်ဖို့ ရဲတွေအပါအဝင် သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းတွေက ပြောင်းလဲနေတဲ့ အချက်အလက်တွေကို အမြဲမပြတ် မကွယ်မဝှက် ပေးပို့မှသာ တိတိကျကျမှန်မှန်ကန်ကန် စစ်ဆေးနိုင်မှာဖြစ်ပါတယ်။



Follow us on